စစ်ကာင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေရဲ့နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တာ ၂၀၂၂ မေလ၃၁ ရက်အထိ့ ၁၈,၈၈၆လုံးရှိနေပြီလို့ မီးရှို့ခံရတဲ့ ပြည်သူ့နေအိမ်အချက်အလက်တွေကို စုစည်းဖော်ပြပေးနေတဲ့ Data For Myanmar ကထုတ်ပြန်ပါတယ်။ နိုင်ငံတစ်ဝန်းရှိနေရာပေါင်း ၄၃၅ နေရာက ဘာသာရေးအဆောက်အအုံတွေအပါအတင်နေအိမ်၊အဆောက်အအုံပေါင်း ၁၈,၈၈၆ လုံးကိုမီးတိုက်ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
ဆက်သွယ်ရေးခက်ခဲတာ၊မြေပြင်အချက်အလက်တွေရဖို့ခက်ခဲတာကြောင့်အမှန်တစ်ကယ် မီးရှို့ခံရတဲ့အခြေအနေက အခုထက်ပိုများနိုင်တယ်လို့လည်းသိရပါတယ်။
အထူးသဖြင့်ခုခံတွန်းလှန်စစ်အားကောင်းတဲ့ဒေသတွေကိုအကြမ်းဖက်စစ်တပ်ကရက်ရက်စက်စက်မီးရှို့ဖျက်ဆီးနေတာဖြစ်ပြီး စစ်ကိုင်းတိုင်ကနေအိမ်အဆောက်အအုံးပေါင်း ၁၃,၈၄၀ လုံးနဲအများဆုံးပါ။ မကွေးတိုင်းက ၃၁၅၅ လုံးမီးရှို့ဖျက်ဆီးခံရပြီး ဒုတိယအများဆုံးဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က ၂၀၂၁မေလကစပြီးပြည်သူလူထုရဲ့နေအိမ်တွေကိုမီးစတင်ရှို့လာပြီး အခုဆိုရင် မီးဆက်တိုက်ရှို့နေတာ ၁၃လ ရှိပါပြီ။ဒါအပြင်စစ်တပ်က ဧပြီ ၊မေ လတွေမှာ မီးရှို့ဖျက်ဆီးမှုပိုလုပ်လာခဲ့ပြီးတော့ ဧပြီတစ်လတည်း ၃၈၃၇ လုံးမီးတိုက်ခဲ့ပါတယ်။ မေလကတော့ အဆိုးဝါးဆုံးပါ တစ်လတည်း နေအိမ်အဆောက်အအုံပေါင်း ၇၁၄၆ လုံးကိုမီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီးတော့ စစ်ကိုင်းတိုင်တစ်ခုတည်း ၆၀၁၄ လုံးအထိ့ရှိခဲ့ပါတယ်။
