ချင်းပြည်နယ် မတူပီ – ပလက်၀ လမ်းရှိ စစ်ကောင်စီ၏ ထယ်ဘွေးတပ်စခန်းသို့ အင်အားဖြည့်ရန်လာသည့်စစ်ကြောင်းကို မတူပီချင်းကာကွယ်ရေးတပ်(CDF)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု မတူပီ CDFက ယမန်နေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။
အင်အား ၅၀ ခန့်ရှိသည့် စစ်ကောင်စီ၏ ခလရ (၃၀၄) စစ်ကြောင်းသည် ဇွန် ၄ရက် က မတူပီမှ ခြေလျင်ထွက်ခွာလာရာ ဇွန်လ ၇ရက် နေ့လည်ပိုင်းတွင် ၀လံပီ ကျေးရွာနှင့် ကလားကျေးရွာကြား၌ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။
အဆိုပါ ထိတွေ့တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၇ဦး သေဆုံးပြီး ၅ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်ခဲ့ပြီးCDFရဲဘော်များထိခိုက်ကျဆုံးမရှိဟု ဖော်ပြသည်။စစ်ကောင်စီတပ်သေဆုံးထိ့ခိုက်မှုနှင့်ပတ်သပ်၍People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။
မတူပီ CDFသည် ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း မတူပီ သို့လာသည့် စစ်ကောင်စီယာဉ်တန်းကို အသွားခရီး အပြန်ခရီး နှစ်ခုလုံးတွင် ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့သည်။
ယခု ထယ်ဘွေးတပ်စခန်းကိုလည်း မတူပီ CDFက မကြာခဏ ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့သည်။
