ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်လင်းလေးမြို့၌မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်နေသူများကို ဖမ်းဆီးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း – ၁၄က ယနေ့(ဇွန် ၇ ရက်) ထုတ် ပြန်သည်။
ဖြစ်စဥ်မှာ ယမန်နေ့က ပိန်းချစ်ကျေးရွာတွင် မူးယစ်ဆေးဝါးသုံးစွဲ၊ ရောင်းဝယ်ဖောက်ကာနေသည်ဟု သတင်းရရှိသဖြင့် KNDF တပ်ရင်း – ၁၄နှင့် ကရင်နီပြည်ရဲဌာန(KSP)ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ဖမ်းဆီးခဲ့ရာ ကျေးရွာနေ မောင်ခူရီအပါအဝင် ငါးဦးကို WYဆေးပြား ၃၂၄ ပြား ၊ ငွေစက္ကူ နှင့် ဖုန်းသုံးလုံးအပါအဝင် အခြားသော သက်သေခံပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးရမိသူများနှင့် သက်သေခံပစ္စည်းများကိုကရင်နီပြည်ရဲဌာန KSPထံသို့ အပ်နှံခဲ့ကြောင်းလည်း KNDFက အသိပေးသည်။
ကရင်နီပြည်နယ်အတွင်း မူးယစ်ဆေးဝါးကို သုံးစွဲခြင်း၊ရောင်းဝယ်ခြင်းသည် ကြီးလေးသည့် ပြစ်ဒဏ်အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတ်မှတ်ထားသည်။

ထို့ကြောင့် လစဥ်မူးယစ်ဆေးဝါးသုံးစွဲသူများကို KNDF အပါအဝင် သက်ဆိုင်ရာမြို့နယ်အလိုက် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက ဖမ်းဆီးရမိနေသည်။

လက်ရှိတွင်လည်း မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲနေသူများအပါအဝင် စစ်ကောင်စီဘက်တော်သား စစ်သား၊ရဲ ၊ ဒလန် နှင့် စစ်သုံ့ပန်း၊သူခိုးနှင့် ဆူပူသောင်း ကျန်းနေသူ ၈၀ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကရင်နီပြည်ရဲဌာန KSPက ထုတ်ပြန်ထားသည်။
