ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ မြို့မရပ်ကွက်ပညာရေးမှူးရုံးရှေ့၌ ကားဖြင့် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(PDF)ပါဝင်သည့်ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်က ၆ဦးခန့်သေဆုံးခဲ့ကြောင်း ဒီးမော့ဆိုPDFကသတင်းထုတ်ပြန်သည်။
ယနေ့ (ဇွန်လ ၅ရက နေ့လည် ၁နာရီမှ တိုက်ပွဲစတင်ခဲ့ပြီး ၁နာရီ ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ ၆ဦး သေဆုံးခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့မှထိခိုက်မှုမရှိကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
သို့ရာတွင်အထိနာသည့် စစ်ကောင်စီတပ်ကတိုက်ပွဲအပြီးတွင်လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့၍ ပြည်သူ လူထု ၏ နေအိမ်အချို့ပျက်စီးခဲ့သည်ဟုလည်းသိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဒီးမော့ဆို PDF၊ အလယ်ပိုင်းတိုင်း ၁၁၀၂ တပ်ရင်း တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။
