KNU တပ်မဟာ (၅)ရှေ့တန်းတစ်နေရာတွင် KNLAနှင့် BPLA ပူးပေါင်းအဖွဲ့ ကင်းပုန်းဝပ်နေစဥ် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်မှနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားသည်ဟု BPLA က သတင်းထုတ်ပြန်သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တို့ သည်ရှေ့တန်းတစ်နေရာတွင်ယမန်နေ့(ဇွန် ၄ရက်)ကကင်းပုန်းဝပ်နေစဥ် လားထွက်ကျောင်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့်ထိပ်တိုက်တိုးကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲတွင်ရန်သူ(၂)ဦးသေဆုံးပြီး(၃)ဦးဒဏ်ရာရကာ ၊ လား(၂)ကောင်သေဆုံးခဲ့ပြီး KNLA/BPLAပူးပေါင်းတပ်ဖွဲ့ဝင်များဘက်မှထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်းလည်းဆက်လက်ဖော်ပြထားသည်။
