မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ပျူစောထီးခေါင်းဆောင်နှင့်အဖွဲ့အား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Black cobra force pakokku (BCF)အဖွဲ့က ပြောသည်။
ယမန်နေ့ (ဇွန်လ ၄ ရက်) မွန်းလွဲ ၂နာရီ၁၃မိနစ်ခန့်က မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် လယ်ယာရွာနှင့် ကံလှရွာကြားတွင် ပျူစောထီးအဖွဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပျူခေါင်းဆောင်စန်းသော်ဦးဆောင်သည့်အဖွဲ့ဖြစ်ပြီးထိခိုက်မှုအခြေအနေကို ဆက်လက်စုံစမ်းကြောင်းပခုက္ကူအခြေစိုက် Black cobra force pakokku (BCF) အဖွဲ့က ပြောသည်။
ပြည်သူများအနေဖြင့် ဒေသတွင်း PDFများ၏ ထုတ်ပြန်ချက်များအား အလေးအနက်ထားလိုက်နာပေးကြပါရန် Black cobra force pakokku (BCF) အဖွဲ့က တိုက်တွန်းထားသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ Black cobra force pakokku (BCF) အဖွဲ့က ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။
ထုတ်ပြန်ချက်များအား မလိုက်နာသည့် ပြည်သူများကြောင့် ၎င်းတို့အဖွဲ့အပါအဝင် Pdfအဖွဲ့ များ၏ ဖျက်သိမ်းလိုက်ရသည့် စစ်ဆင်ရေးများရှိကြောင်း၊ နောက်လာမည့်စစ်ဆင်ရေးများတွင်စည်းကမ်းမလိုက်နာသည့် ပြည်သူများအား လျစ်လျူရှုတော့မည်ဖြစ်ကြောင်း Black cobra force pakokku (BCF) အဖွဲ့ကသတိပေးထားသည်။
ယမန်နေ့က စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်လည်း ခရီးသွားပြည်သူများအား သေနတ်ပြခြိမ်းခြောက်ငွေညှစ်နေသည့် ပျူစောထီးနှစ်ဦးအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း Monywa Satan အဖွဲ့နှင့် မုံရွာ PDFတို့က သတင်းထုတ်ပြန်ထားသည်။
