ဖယ်ခုံ – လွိုင်ကော် ကားလမ်းမကြီးအတိုင်း ဖယ်ခုံဘက်မှလွိုင်ကော်မြို့ဘက်သို့ မောင်းနှင်လာသော
ခြောက်ဘီးယာဥ်ပေါ် စစ်ကောင်စီ၏ ထုတ်ကုန် ဒဂုန်ဘီယာဖာ ၁၂၀ကျော် စစ်ဆေးတွေ့ရှိ၍ ပူးပေါင်းအဖွဲ့မှ ဖျက်ဆီးခဲ့ကြောင်း PEKHON PDF တပ်ရင်း – ၂က ထုတ်ပြန်သည်။
ယနေ့(ဇွန် ၄ ရက်) နံနက် ၁၁နာရီခန့်က တားမြစ် ထုတ် ကုန်သယ်ဆောင်လာသည့် မော်တော်ယာဥ်ကို ဆောင်ကန်းလမ်းခွဲအနီး ဖယ်ခုံPDFတပ်ရင်း – ၂ ၊ KNDF တပ်ရင်း – ၃တို့က စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။


ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် အနေဖြင့် စစ်ကောင်စီထုတ်ကုန်များ သယ်ဆောင်ခြင်း၊ရောင်း ဝယ်ဖောက်ကားခြင်းများတွေ့ရှိပါကထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။
