▪️စာသင်ချိန်ကာလအတွင်း စစ်ကောင်စီ၏ ခြေလျင်၊ ဝေဟင်အန္တရာယ်အား ရှောင်ရှားနိုင်ရန် ဆွေးနွေး
ကရင်အမျိုးသားအစည်းအရုံး၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU)နှင့် ကချင်လွတ် လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) နယ်မြေများရှိ ကောလိပ်ကျောင်းများ စတင်ဖွင့်လှစ်ကြောင်း သက်ဆိုင်ရာအဖွဲ့များက သတင်းထုတ်ပြန် သည်။
KNU တပ်မဟာ(၅)နယ်မြေ မူတြော်ခရိုင်ကောလိပ် ကျောင်း၏ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ဖွင့်ပွဲအခန်းအနားကို ဇွန်လ ၃ရက်က ပြုလုပ်ခဲ့သည်။

မူတြော်ခရိုင်တစ်နေရာတွင်ရှိသည့်(Mutraw Junior College)ဖွင့်လှစ်ပွဲ၌ ရိုးရာဝတ်ပြုဆုတောင်းခြင်းအစီအစဉ်၊ ခေါင်းဆောင်ကြီးများ၏ ဩဝါဒခံယူပွဲနှင့် ကျောင်းကော်မတီ၏တစ်နှစ်စာကျောင်းလည်ပတ်နိုင်မှုအစည်းအဝေး ကျင်းပခြင်းစသည့် အစီအစဉ် ၃ရပ်ဖြင့် ပြုလုပ်ခဲ့သည်။
ကျောင်းကော်မတီအစည်းအဝေးတွင်တစ်နှစ်တာအတွက်အဆင်ပြေချောမွေ့စွာကျောင်းလည်ပတ်နိုင်မှု နှင့် အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်၊ ဝေဟင်အန္တရာယ်အား စာသင်ချိန်ကာလအတွင်း မည်သို့မည်ပုံကြိုတင်ရှောင်ရှားရမည့်အသေးစိတ်စီမံချက်များအား ဆွေးနွေးချမှတ်ခဲ့သည်ဟု မူတြော်ခရိုင်က ထုတ်ပြန် သည်။
ယခုနှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းသူ၊ ကျောင်းသား (၁၂၁)ဉီးတက်ရောက်သင်ကြား မည်ဖြစ်ပြီး ကျောင်းဆရာမ(၅)ဉီးနှင့် ကျောင်းဆရာ(၅)ဉီးစုစုပေါင်း ကျောင်းဆရာ၊ ဆရာမ(၁၀)ဉီးမှသင်ကြားပို့ချသွားမည်ဖြစ်သည်ဟု ဆိုသည်။
အလားတူ KIO/KIA ထိန်းချုပ်နယ်မြေ မိုင်ဂျာယာန် ဒေသရှိ မိုင်ဂျာယာန် ကောလိပ်ကျောင်း၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသားလက်ခံ မှုကို စတင်နေပြီဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာနက အသိပေးထားသည်။
မိုင်ဂျာယာန်ကောလိပ်ကျောင်း တက်ဖို့ဆန္ဒရှိသူမည်သူ မဆို ဇွန်လ ၂၀ရက် မှ ၂၅ရက်အတွင်း လျှောက် ထားနိုင်ကြောင်း၊ ဇွန်လ ၂၆ရက်မှ ဇူလိုင် ၁ရက်အထိ အမည်စာရင်းသွင်းရန်နှင့် ကျောင်းစရိတ် ပေးသွင်းရန် သတ် မှတ်ထားကြောင်း ထုတ်ပြန်သည်။
ကောလိပ် ကျောင်းတက်မည့်ကျောင်းသားများ ဇူလိုင် ၂ရက်တွင် placement test ဖြေဆိုရမည်ဖြစ်ပြီး ဇူလိုင် ၄ရက်တွင် ကျောင်းစာစတင်သင်ကြားမည်ဖြစ်၍ ရပ်ဝေးမှလာမည့် ကျောင်းသားများ ဇွန်လ ၂၆ရက်တွင် ကျောင်းသို့ ရောက်ရမည်ဖြစ်ကြောင်း အသိပေးထားသည်။
မိုင်ဂျာယာန်ကောလိပ်ကျောင်းကို ၂၀၁၅ခုနှစ်စက်တင်ဘာ ၂၅ရက်မှ စတင်ဖွင့်လှစ်ခဲ့သည်ဟုဆိုသည်။
