စစ်ကိုင်းတိုင်းအတွင်း နယ်မြေမငြိမ်သက်မှုများဖြစ်ပေါ်နေသော်လည်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ ကျေးရွာတစ်ရွာတွင် လူထုသပိတ်စစ်ကြောင်းသည် ယနေ့ (ဇွန်လ ၁) ညနေပိုင်း၌ စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားအများအပြားဖြင့် ချီတက် ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြပြည်သူများက “ပြာပုံကနေ ပြည်သစ်တည် အတူရုန်းကန် ဖေးမမည်” ဆိုသည့် စာသားကို ကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး လူထုကြွေးကြော်သံများဖြင့် ရွာအနှံ့ ချီတက်ခဲ့ကြသည်။
