ဗုံးပေါက်ကွဲမှုနှင့်ပတ်သပ်၍ Myanmar Witness စုံစမ်းစစ်ဆေး၊ သက်သေများယုံကြည်စွာပေးပို့နိုင်ကြောင်းနှိုးဆော်
စာအတု၏ပုံအရည်အသွေးမှာ174.9KB အထိရှိနေပြီး ဖေစ်ဘွခ်တွင်စတင်ခြင်းမဟုတ်ဘဲ စစ်တပ်ထောက်ခံသူများ၏ တယ်လီဂရန်မှစဖြန့်ခဲ့ခြင်းဖြစ်
ရန်ကုန်မြို့၊ ဘားလမ်း ဗုံးခွဲတိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လက်ချက်ဟု ထုတ်ပြန် သောကြေညာချက်အတုကို စစ်တပ်ထောက်ခံသူများ၏ ဖေ့စ်ဘုတ်နှင့် တယ်လီဂရမ်အကောင့် များက စတင်ထုတ်ပြန်ဖော်ပြခြင်းဖြစ်သည်ဟု Myanmar Witness က စုံစမ်းဖော်ထုတ်သည်။

မေလ ၃၁ ရက်တွင် ဖြစ်ပွားခဲ့သော ဘားလမ်းဗုံးပေါက်ကွဲမှုနှင့်ပတ်သတ်၍ Myanmar Witness မှ စုံစမ်းစစ်ဆေးလျှက်ရှိရာ လူမှုကွန်ရက်တွင်ထွက်ပေါ်လာသောကြေညာချက်အတုတွင် မသ င်္ကာဖွယ်ရာများအဖြစ် ဖုန်းနံပတ်ထည့်သွင်းထားခြင်း၊ တောင်းပန်စာတွင် တောင်းဆိုမှုထည့် သွင်းထားခြင်းတို့ကို တွေ့ရှိရသည်ဟုဆိုသည်။
“Myanmar Witness အနေဖြင့် တောင်းပန်စာတစောင်တွင် တောင်းဆိုမူမထည့်သင့်ကြောင်းနှင့် တောင်းပန်စာအတုတွင် တောင်းဆိုမူထည့်ပါက စာအတုလုပ်သူတို့မှ အဆိုပါတောင်းဆိုမှုကို ရည်ရွယ်၍တိုက်ခိုက်လိုခြင်းများဟု ယူဆပါသည်” ဟု Myanmar Witness က ဖော်ပြသည်။
ထို့အပြင်PDFများထုတ်ပြန်သည်ဟုယူဆပါကFacebook ပေါ်တွင် ပျံနှံ့နေသော File ကို Download ဆွဲရာတွင် Quality ( File Size ) လျှော့ခြင်းများဖြစ်ပေါ်စေမည်ဖြစ်သည်။သို့သော်လည်း စစ်တပ် ထောက်ခံသူများတင်ထားသော တယ်လီဂရမ်မှ ပုံအရည်အသွေးသည် များစွာကောင်းမွန်နေပြီး 174.9 KB အထိ ရှိနေသည်ကိုတွေ့ရကြောင်း Myanmar Witness က ထုတ်ပြန်သည်။

Facebook ပေါ်တွင်ရှိနေသော ပုံများ၏ အရည်အသွေးမှာ 78.1 KB ပတ်ဝန်းကျင်သာရှိရမည်ဖြစ်သည်။ ထိုကြောင့် Myanmar Witness ၏တွေ့ရှိချက်အရ စာသည် ဖေစ်ဘွခ်တွင်စတင်ပျံ့နှံ့ခြင်းမဟုတ်ဘဲ တယ်လီဂရန်မှစတင်ဖြန့်ချီခဲ့ခြင်းဖြစ်သည်။
Myanmar Witness သည် အဆိုပါဗုံးပေါက်ကွဲမူနှင့်ပတ်သက်သည်များကို ဆက်လက်စုံစမ်းစစ်ဆေးလျှက်ရှိရာ မိမိတွင်ရှိသော သက်သေများကို Myanmar Witness

( https://www.facebook.com/MyanmarWitness2021/ )သို့ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ကြောင်း နှိုးဆော်ထားသည်။ Myanmar Witness သည် မြန်မာနိုင်ငံတွင်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်သူများတာဝန်ခံရစေရန် ပုံများ၊ရုပ်သံများ၊အသံဖိုင်များစသောအထောက်အထားများအားလုံးကို ခွဲခြမ်းလေ့လာဆန်းစစ်၍ ခိုင်မာသောသက်သေများစုဆောင်းနေသော အဖွဲ့နှင့် စာမျက်နှာဖြစ်သည်။
