အရပ်သား ပြည်သူများကို ဦးတည်၍ အကြမ်းဖက်လုပ်ရပ် ပြုလုပ်နေခြင်းများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်သည်။
ယနေ့ ဘားလမ်းကားမှတ်တိုင်တွင် ဗုံးပေါက်ကွဲပြီး ပြည်သူ (၇) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့မှုနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ သဘောထားကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ထုတ်ပြန်ခြင်းဖြစ်သည်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုသည် အပြစ်မဲ့ အရပ်သားပြည်သူများကိုပစ်မှတ်ထား၍ အကွက်ချ တိုက်ခိုက်မှုဖြစ်ကြောင်းလည်း NUG က ဆိုသည်။
ရန်ကုန်မြို့ဘားလမ်းမှတ်တိုင် ဗုံးခွဲမှုသည် တော်လှန်ရေးကို ပုံဖျက်လိုသူ အကြမ်းဖက်စစ်တပ်၏ အကွက်ဆင်ဗျူဟာဖြစ်သည်ဟု NUG ၏ ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့သည်။
အဆိုပါ အကြမ်းဖက်လုပ်ရပ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များက လုပ်ဆောင်ခြင်းမဟုတ်ဘဲ နိုင်ငံတဝန်းတွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို သတ်ဖြတ်ဖျက်ဆီးနေသည့် စစ်ကောင်စီ၏ လက်ချက်ဖြစ်သည်ဟု ပြည်သူများက ယုံကြည်ကြသည်။
