●PDF တစ်ဦးကျဆုံးပြီး ၇ ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊တမဆေးကန်ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ကလေကြောင်းပစ်ကူပါအသုံးပြု တိုက်ခိုက်ခံခဲ့သော်လည်း စစ်သား ၂၀ ဦးကျော်သေဆုံးကြောင်း Seven People Defence Force က ထုတ်ပြန်ကြေညာသည်။
ယမန်နေ့(မေလ ၂၉ရက်နေ့)ညနေပိုင်းက စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ တမဆေးကန်ကျေးရွာ၌ အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များသုံးနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲချိန်သုံးနာရီကျော်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံးနိုင်ကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများက ပြောသည်။
အဆိုပါစစ်ဆင်ရေးအား မြောင်နယ်ရှိ မဟာမိတ်တပ်ပေါင်းစုများနှင့် MS PDF ၊မြေလတ် -PDF (MGN District) ၊TTA ပြောက်ကျားတပ်ဖွဲ့ ၊ Seven People Defence Force ၊ 27 Revolution Force အစရှိသည့် အဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားစဉ် အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများဖြင့် မနားတမ်းပြန်လည်ပစ်ခတ်မှုကြောင့် ဒေသခံ မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှPDFရဲဘော် တစ်ဦးကျဆုံးခဲ့ရပြီး ( ၇ ) ဦးဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း Seven People Defence Forceက ပြောသည်။
အကြမ်းဖက်စစ်တပ်က သေဆုံးမှုများကာအထိနာပြီးနောက်ရဟတ်ယာဉ်ဖြင့်လာရောက်ပစ်ခတ်ခဲ့သောကြောင့် ပြည်သူကာကွယ်ရေး ရဲဘော်များ အချိန်မှီပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟု Seven People Defence Forceက ပြောသည်။
တိုက်ပွဲထိတွေ့ချိန် ကြာမြင့်ခဲ့ပြီး စစ်သုံးစရိတ်ကုန်ကျမှုလည်းများပြားခဲ့ကြောင်း၊ တစ်ဖွဲ့လျှင် ခန့်မှန်း သိန်း(၁၅၀)ကျော်ခန့် ကုန်ကျခဲ့ရပြီးအာဏာရှင်စနစ်အမြစ်ပြတ်တော်လှန်နိုင်ရန်အတွက် ပိုမိုပံ့ပိုးကူညီပေးကြရန် Seven People Defence Forceက ပြောသည်။
အကြမ်းဖက်စစ်တပ်သည် မြောင်မြို့နယ်အတွင်း ကျေးရွာများအား မေလလယ်မှစတင်ကာ အကြမ်းဖက်စစ်ကြောင်းထိုးနေပြီး နှစ်ပတ်အတွင်း ကျေးရွာ ၇ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံထားရသည်။
