လာမယ့် ဇွန်လလယ်ပိုင်းမှာ ကျင်းပမယ့် အိန္ဒိယ − အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အာဏာသိမ်းစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားဖွယ်မရှိဘူးလို့ The Hindu သတင်းဌာနက ဖော်ပြပါတယ်။
အာဆီယံဘုံသဘောတူညီချက်တွေကိုအကောင်အထည်ဖော်ဖို့ပျက်ကွက်နေသမျှ အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ စစ်ကောင်စီကိုဖိတ်ကြားခြင်းမပြုဘူးဆိုတဲ့ အာဆီယံအဖွဲ့ကြီးရဲ့ ဆုံးဖြတ်ချက်အတိုင်း အိန္ဒိယဟာ ကျင့်သုံးဖွယ်ရှိနေတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိကြီးတွေနဲ့ သံတမန်သတင်းရင်းမြစ်တွေ ကို ကိုးကားပြီး သတင်းမှာဖော်ပြထားပါတယ်။
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အစည်းအဝေးတက်ရောက်ဖို့ နိုင်ငံရေးအရ ကိုယ်စားမပြုသူ စစ်ကောင်စီနိုင်ငံခြားရေးဌာနရဲ့အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
ဒါပေမယ့် စစ်ကောင်စီဘက်က တစုံတရာ ပြန်ကြားလာတာမရှိသေးပါဘူး။ စစ်ကောင်စီဟာ အရင်က အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ ခေါင်းဆောင်ပိုင်းတွေကို ဖိတ်ကြားတာမရှိရင် ကိုယ်စားလှယ်လွှတ်ပြီးတက်ရောက်လေ့မရှိတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့မတ်လအတွင်းကကျင်းပခဲ့တဲ့ ဘင်းမ်စတက်အဖွဲ့ရဲ့အစည်းအဝေးမှာ စစ်ကောင်စီကို ဖိတ်ကြားခဲ့တဲ့အတွက် အစည်းအဝေးကို တက်ရောက်ခဲ့တဲ့အိန္ဒိယဝန်ကြီးချုပ်ဟာဝေဖန်ခံရမှုတွေရှိခဲ့ပါတယ်။
ကိုးကား − The Hindu
Photo Credit: R.V. Moorthy
