ချောင်းဦး – ပခုက္ကူလမ်းပိုင်းများကိုယခုကြေညာချက်ထုတ်ပြန်ချိန်(မေ ၂၉ ညနေ ၃ နာရီခွဲ)မှစ၍ နောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မီအထိ အရေးပေါ်လိုအပ်ချက်အခြေအနေအရ ယာယီပိတ်ထားလိုက်ကြောင်းချောင်းဦးပြည်သူ့ကာကွယ်ရေးတပ်(CHUPDF)ကကြေညာသည်။
ယာယီပိတ်ထားချိန်အတွင်း ကြေညာချက်ပါလမ်းပိုင်းကိုပြည်သူတို့၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့်လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက်အာမမခံပါကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
အထက်ပါလမ်းပိုင်းတွင်သွားလာနေကြသောယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါလမ်းပိုင်းကိုလက်ရှိအသုံးပြုလျှက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန် ချောင်းဦးPDFက မေတ္တာရပ်ခံသည်။
