စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိရွှေဘို-မြစ်ကြီးနားလမ်းပိုင်းအပါအဝင်လမ်းပိုင်းများအားဖြတ်သန်းသွားလာခြင်းမပြုရန် တော်လှန်ရေးအင်အားစုများကအသိပေးသည်။
ယမန်နေ့ (မေလ ၂၈ ရက်) ည ၁၀ နာရီအချိန်မှ စ၍ ဝက်လက်မြို့နယ်အတွင်းစစ်ကိုင်း -ဝက်လက် -ရွှေဘိုလမ်း(ရွှေဘို-မြစ်ကြီးနားလမ်း)၊ ခရိုင်ချင်းဆက်လမ်း(စစ်ကိုင်း-ရှိမ်းမကား-ကျောက်မြောင်းလမ်း) အစရှိသည့်လမ်းများအပါအဝင် ဝက်လက်မြို့မှ ကျေးရွာများသို့ ဆက်သွယ်ထားသော ကားလမ်းများအား ဖြတ်သန်းသွားလာခွင့် ယာယီပိတ်သိမ်းလိုက်ခြင်းဖြစ်သည်။

ကုန်တင်ကား၊ခရီးသွားကားများနှင့် အိမ်စီးကားများအားလုံး ဖြတ်သန်းသွားလာခြင်းများလုံးဝမပြုလုပ်ရန်အထူးတိုက်တွန်းနှိုးဆော်ကြောင်း တော်လှန်ရေး အင်အားစုများက အသိပေးသည်။
ပြန်လည် ဖြတ်သန်းသွားလာခွင့်ပြုမည့်အချိန်ကို ထုတ်ပြန်ပေးမည်ဟု ဝက်လက်မြို့နယ်တော်လှန်ရေး အင်အားစုများက ပြောသည်။
ယမန်နေ့ညက ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာရှိ ရဲစခန်းမှ သေနတ်ပစ်ခတ်သံကြားလိုက်ရပြီး အကြမ်းဖက်စစ်တပ်သည် ကျေးရွာအချို့ကို ညပိုင်းအထိ စစ်ကြောင်းထိုးနေကြောင်း ဒေသခံတစ်ဦးကလည်း ပြောသည်။
