နေပြည်တော် PDF၏ တိုက်ခိုက်ရေးအထူးကွန်မန်ဒို သင်တန်းဆင်းပွဲကို ယနေ့ (မေ ၂၉ ရက်)တွင်ပြုလုပ်ခဲ့ကြောင်း နေပြည်တော် PDF တာဝန်ခံဗိုလ်ငွေစိုးက People’s Springသို့ ပြောသည်။
“အခု ဒီနေ့က နေပြည်တော် စစ်ဒေသခွဲရဲ့ နေပြည်တော် PDF လက်အောက်ခံ တပ်ရင်း၊တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ရေးအထူးကွန်မန်ဒို သင်တန်း အပတ်စဥ် (၂)ပါ။ပြီးခဲ့တဲ့ မေ ၁ရက်က အပတ်စဥ် (၁) ဆင်းခဲ့တယ်။ ။တစ်လအကြာမှာ အပတ်စဥ် (၂) ကိုထပ်ပြီး အောင်မြင်စွာ ထပ်ဆင်းနိုင်ခဲ့တာဖြစ်တယ်”ဟု ၎င်းက ရှင်းပြသည်။








ယခုကဲ့သို့ တိုက်ခိုက်ရေးအထူးကွန်မန်ဒိုများ ဖွဲ့စည်းခြင်းသည် အာဏာသိမ်းစစ်တပ်၏ နောက်ဆုံးခံတပ်ဖြစ်သော နေပြည်တော်ကို အမြစ်ဖြတ်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းဟု အသိပေးသည်။
“အခုဆို ပြည်သူ့ခုခံတော်လှန်စစ်က မကြာခင်မှာ တစ်နှစ် ပြည့်တော့မယ်။စစ်ရှိန်ကလည်း မြှင့်လာတာနဲ့ တစ်ပြိုင်တည်းကျွန်တော်တို့ နေပြည် တော် စစ်ဒေသခွဲ နေပြည်တော် PDF ညီနောင် မဟာမိတ်အားလုံးဟာ အာဏာသိမ်း စစ်တပ်ရဲ့နောက်ဆုံးခံတပ်ဖြစ်တဲ့ နေပြည်တော်ကို ချေမှုန်း နိုင်ဖို့ အနီးကပ်ကြိုတင်လေ့ကျင့်ပြင်ဆင်မှုတွေ ဆောင်ရွက်နေပါတယ်”ဟု ဗိုလ်ငွေစိုးက ပြောသည်။
