ချောင်း – မြင်းမူလမ်းပိုင်းတွင် စစ်ကောင်စီတပ်မှ သံချပ်ကာယာဥ်နှစ်စီးကို မဟာမိတ်ညီနောင်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Farmers Revolution Force FRF(CHU)က ယနေ့ (မေ ၂၆)ထုတ်ပြန်သည်။
ယနေ့နံနက် ၈ နာရီခန့်က ချောင်းဦး – မြင်းမူလမ်းပိုင်းတစ်နေရာတွင် သံချပ်ကာယာဥ်နှစ်စီးအား Farmers Revolution Force FRF (CHU)တပ်ရင်းမှဦးဆောင်၍ Chaung U Revolution Army (CRA)၊ Black Eagle Defence Force နှင့် Zarmini MMU တို့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၂၉ ဦးသေဆုံးပြီး ညီနောင်မဟာမိတ်ရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း အသိပေးသည်။
မေလ ၂၃ ရက်ကလည်း ချောင်းဦး – မြင်းမူ ကားလမ်းပိုင်းတစ်နေရာတွင် အိမ်စီးကားနှစ်စီးဖြင့် ဖြတ်သန်းသွားလာသော စစ်ကောင်စီတပ်သားများကို FRF(CHU)အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများခဲ့သည်။
