စစ်အာဏာသိမ်းမှုကိုအလိုမရှိကြောင်း နဲ့ အာဏာသိမ်းမှုကို လက်မခံကြဖို့ ပထမဆုံးလမ်းပေါ်ထွက်ပြီး ဆန္ဒပြကြတဲ့ မန္တလေးက ကျောင်းသား၄ ဦးကို စစ်အုပ်စုက ထောင်ဒဏ်အသီးသီးမနေ့က ချလိုက်ပါတယ်။
သူတို့ ၄ ဦးကို မန္တလေး အိုးဘိုထောင်တရားရုံးမှာအမှုစီရင်ပြီး ငြိမ်းစုစီပုဒ်မ ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးပုဒ်မတွေနဲ့ ထောင်ဒဏ် ၁ နှစ်နဲ့ ၉ လစီ ချလိုက်တာလို့သိရပါတယ်။ ဖမ်းဆီးထားတဲ့ တစ်နှစ်ကျော်ကာလကိုလည်း ချုပ်ရက်ခံစားခွင့်ပြုတယ်လို့သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၄ ရက်မှာ ဒေါက်တာတေဇာဆန်းဦးဆောင်ပြီး မန္တလေးဆေးတက္ကသိုလ်ရှေ့မှာ ဆန္ဒပြခဲ့ကြတာပါ။ အဲဒီဆန္ဒပြပွဲဟာ ပြည်သူတွေ စစ်တပ်အာဏာသိမ်းတာကိုလက်သင့်မခံဖို့ ၊ ဖမ်းဆီးထားတဲ့ခေါင်းဆောင်တွေကို ပြန်လွှတ်ဖို့ ၊လက်နက်အားကိုးဝါဒကို ဆန့်ကျင်ဖို့ကြွေးကြော်ဆန္ဒပြခဲ့ကြတာပါ။
၁၅ မိနစ်ကျော်ကြာဆန္ဒပြပြီးနောက် လူစုခွဲရာမှာ ကျောင်းသား ၄ ဦးဖမ်းခံခဲ့ရတာပဲဖြစ်ပါတယ်။
