●CDMဝင်လိုလျင်ဇွန်လကုန်နောက်ဆုံးထားဝင်ရောက်နိုင်
ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်များက CDM ပြုလုပ်လျင် လက်ခံပေးရန် တောင်းဆိုသူများပြားလာကြောင်း ဖယ်ခုံမြို့နယ်(ပအဖ)၊ PDF တပ်ရင်းများနှင့် မြို့နယ်ပညာရေးဘုတ် အဖွဲ့က ယနေ့ (မေ ၂၅)တွင် ပူးတွဲထုတ်ပြန် သည်။
ထို့ကြောင့် Non-CDM ဝန်ထမ်းများအနေဖြင့်CDMပြုလုပ်လိုပါက သတ်မှတ်ဖောင်ပုံစံတွင် လက်ရေးဖြင့် အချက်အလက်ဖြည့်သွင်း၍ ဖယ်ခုံမြို့နယ် ပညာရေးဘုတ်အဖွဲ့၏ ပေ့ချ်မက်ဆင်ဂျာသို့ ဇွန်လကုန်နောက်ဆုံးထားပေးပို့ရန် အသိပေးသည်။

စစ်ကောင်စီလက်အောက်ခံ Non-CDM များအား CDM ပြုလုပ်ပါကလက်ခံမခံကို ဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့၊ ဖယ်ခုံပြည်သူ့ကာကွယ် ရေးတပ်ရင်း (၁၀၀၂)၊ ဖယ်ခုံပြည်သူ့ကာကွယ် ရေးတပ်ရင်း (၁၀၀၆)နှင့် မိုးဗြဲပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ (၁၀၀၁)များမှ ညှိနှိုင်းကာ လက်ခံရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းဆုံးဖြတ်ချက်အရ CDM လျှောက်လွှာအား စီစဥ်ထားပြီး ထိုလျှောက်လွှာပုံစံတွင် CDM ပါ ဝင်လိုကြောင်းအဆိုပြုလွှာဟူသောခေါင်းစဥ်အောက်တွင် အမည်၊ မှတ်ပုံတင်အမှတ်၊ ရာထူး၊ဌာနနှင့် ဆက်သွယ်ရမည့်ဖုန်းနံပါတ်ဖြည့်သွင်း ၍ ကာယကံရှင်ကိုယ်တိုင် လက်မှတ်ထိုးလျှောက်ထားရန် ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီ ၁ စစ်တပ်အာဏာသိမ်းချိန်မှစ၍ ဖယ်ခုံမြို့နယ်ဌာနအသီးသီးမှ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်သည့် ဝန်ထမ်းပေါင်း ၁,၂၀၀ ကျော်ရှိသည်။
