စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးအပါအဝင် လမ်းပိုင်း ၃ ခုအား ယာယီပိတ်သိမ်းထားကြောင်း Myinmu Defence Force က အရေးပေါ် ထုတ်ပြန်ကြေညာသည်။
ယနေ့ မေလ ၂၄ ရက်နေ့ နံနက် ၁၀နာရီမှစတင်ကာ စစ်ကိုင်း – မြင်းမူ -ချောင်းဦး -မုံရွာ လမ်းမကြီး၊ ထီးဆောင်း – အရာတော် လမ်းမကြီးနှင့် အလ္လကပ္ပ – တောချောင်းဦးလမ်းပိုင်းတို့အား အိမ်စီးကား၊ကုန်ကား၊ ဆိုင်ကယ်၊ မည်သည့်ယာဥ်မှ ဖြတ်သန်းခွင့်မပြုကြောင်း Myinmu Defence Force က ထုတ်ပြန်သည်။
“သွားနေတဲ့သူတွေ ရှိရင် အရေးပေါ် ဖုန်းဆက် ပေးကြပါ။နောက်ပြန်လှည့်ပေးကြပါ။ ကြေညာချက်ကို လိုက်နာခြင်းဖြင့် ကျွန်တော်တို့ PDF အသက်တွေ ကို ငဲ့ညှာပေးကြပါ။”ဟု Myinmu Defence Force က ပြောသည်။
အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အချို့တွင် ယနေ့နံနက်ပိုင်းမှစတင်ကာ ဖုန်းလိုင်းများအား ဖြတ်တောက်ထားသည်။
ယမန်နေ့က မြင်းမူမြို့နယ်အတွင်း မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်တပ်ယာဥ်တန်း ၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရသေးသည်။
