ရန်ကုန်မြို့တွင် မေလကုန်အထိ စစ်ဆင်ရေးများပြုလုပ်ရန်ရှိ၍ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သည့်နေရာများနှင့် ဈေးဝယ်စင်တာများကို ရှောင်ရှားသွားလာရန် Special Ninja Force -SNFက အသိပေးထားသည်။
“စစ်ကောင်စီနှင့်သက်ဆိုင်သော နေရာများ ၊စျေးရောင်းစင်တာများအား မလိုအပ်ဘဲသွားလာချင်းကိုမပြုလုပ်ဖို့ဘဲသတိပေးအပ်ပါတယ်ခင်ဗျာ။ကျွန်တော်တို့အဖွဲ့သတိပေးစာထုတ်ပြန်ရတဲ့အကြောင်းအရင်းက ပြည်သူတွေ အတတ်နိုင်ဆုံးထိခိုက်မှုမရှိအောင် အသိပေးရချင်းဖြစ်ပါတယ်ခင်ဗျာ ၊”ဟု SNF မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

SNF အနေဖြင့် မေလ ၂၂ မှ ၃၁ရက်အထိ ရန်ကုန်မြို့အတွင်း စစ်ဆင်ရေးများပြုလုပ်ရန် ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
SNF အဖွဲ့ကို ဧပြီ ၁ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပထမဆုံး စစ်ဆင်ရေးကို ဧပြီ ၂၄ ရက်က နိုင်ငံရေးအကျဉ်းသားများအား နှိပ်စက်နေသည့် ထောင်ဝန်ထမ်းများကို သတိပေးသည့် အနေဖြင့် အင်းစိန်အကျဥ်းထောင်အတွင်း လက်လုပ်မိုင်းပစ်၍ တိုက်ခိုက်ခဲ့သည်။
