မန္တလေးမြို့ အထင်ကရ ဈေးချိုနဲ့ ခရိုင်တရားရေး အိမ်ရာ မှာ ဒီနေ့ ပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့သိရပါတယ်။
ဈေးချိုတော် ထိုးမုန့်တန်းရှိ ဈေးရုံးခန်းမှာ နေ့ခင်း ၁နာရီလောက်က ဗုံးပေါက်ကွဲပြီး ထိခိုက်မှုကိုတော့ မသိရသေးပါဘူး။
အလားတူပါပဲ ချမ်းအေးသာစံမြို့နယ် ၊ ၃၃ လမ်းနဲ့ ၃၄ လမ်း ကြားမှာရှိတဲ့ တရားရေးဝန်ထမ်းတွေနေထိုင်တဲ့ အိမ်ရာဝင်းမှာလည်း မနက် ၉ နာရီလောက်က ဗုံးပစ်ခံရလို့ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

လူထိခိုက်မှာမရှိဘဲ ခြံစည်းရိုးအုတ်နံရံကြားပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။
အဲဒီလိုပေါက်ကွဲမှုဖြစ်တဲ့ အိမ်ရာ နားမှာ မန္တလေးခရိုင်တရားရုံးရှိပါတယ်။ မန္တလေးခရိုင်တရားမှာ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလအတွင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
မနေ့က မနက်ပိုင်းကလည်း ပြည်ကြီးတံခွန်မြို့နယ် တရားရုံးရှေ့မှာ လက်လုက်မိုင်းတစ်လုံးပေါက်ကွဲခဲ့ပါသေးတယ်။
