ဆောမြို့နယ်၊ ဆောမြို့မရဲစခန်းမှရဲတပ်သားနှစ်ဦးလက်နက်ခဲယမ်းအပြည့်အစုံဖြင့် ဆောတိုက်နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ထံ CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်းဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကထုတ်ပြန်သည်။

ပြည်သူ့ရင်ခွင်ခိုလှုံ့လာသောရဲနှစ်ဦးသည် သေနတ် ၂ လက် ဗုံးသီး နှစ်လုံး ၊ကျည်တောင့်ပေါင်းရာနှင့်ချီ၍ ယူဆောင်လာသည်ကို သတင်းထုတ်ပြန်ချက်ဓါတ်ပုံတွင်တွေ့ရသည်။
“လောလောဆယ် လုံခြုံတဲ့နေရာမှာထားထားပါတယ်ဗျ။ကျွန်တော်တို့နဲ့ပူးပေါင်းပြီး ပြန်တိုက်ဖို့တော့လောလောဆယ်မရှိသေးပါဘူးဗျ” ဟုဆော ပအဖ မှတာန်ရှိသူကပြောသည်။


အဆိုပါရဲတပ်သားနှစ်ဦးအား လှုံခြုံစိတ်ချရသည့်နယ်မြေတွင်ထားရှိပြီးထိုက်သင့်သည့်ဆုကြေးငွေများလည်း ချီးမြှင့်ရန်စီစဥ်လျှက်ရှိကြောင်းလည်းအသိ့ပေးသည်။
ထို့ကြောင့် မိဘပြည်သူများအနေနှင့် ၅၀၀၊ ၁၀၀၀ မှအစ တတ်အားသမျှဂုဏ်ပြုငွေထည့်ဝင်ပေးကြပါရန် ဆောပအဖမေတ္တာရပ်ခံထားသည်။
အာဏာလုစစ်ကောင်စီအမိန့်ဆန်ကျင်ပြီး ပြည်သူနှင့်ပူးပေါင်းလာသောစစ်သားနှင့်ရဲ တစ်သောင်းခွဲမှ နှစ်သောင်းအတွင်းရှိလာပြီဖြစ်ပြီး အများစုမှရဲတပ်ဖွဲ့ဝင်များဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားသည်။
