ကရင်နီ(ကယား)ပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF) က ထုတ်ပြန်သည်။
တိုက်ပွဲ ဖြစ်စဥ်မှာ ယမန်နေ့ နေ့လည် ၁၂ နာရီခန့် ကစတင်ခဲ့ပြီး စစ်ကောင်စီတပ်သားအများစုမှာ အပြင်မထွက်ရဲဘဲ စခန်းအတွင်း၌သာ နေရာယူပြန်လည်ခုခံခဲ့ပြီး စခန်းအပြင်ထွက်လာသူနှစ်ဦးကိုမူရှင်းလင်းနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

“ဒီးမော့ဆို ရဲစခန်းမှာ တပ်စွဲထားတဲ့ စခ သီးသန့် အင်အား ကိုက ၃၀ လောက်ရှိတယ်ဗျ။နောက် ပြီး တော်ရုံဝင်မရအောင် နင်းမိုင်းတွေပတ် ပတ် လည် ထောင်ထားတာနဂိုကတည်းက ။အခုက တော်တော်ကို ပြင်ဆင်ထားပုံရတယ်”ဟု ဒီးမော့ဆို PDF တပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်ထောင်ထားသည့် နင်းမိုင်းအချို့ကို တူးဖော်ရရှိခဲ့ပြီးပြည်သူ့ ကာကွယ်ရေးတပ်-ဒီးမော့ဆိုတပ်ဖက်မှ ရဲဘော်သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဒီးမော့ဆိုမြို့နယ်ရဲစခန်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သည် စခန်းအတွင်း၌သာ နေရာယူထားပြီး ရံဖန်ရံခါသာ စခန်းအပြင်ကင်းလှည့်လေ့ရှိကြောင်း လည်း ထုတ်ပြန်ချက်၌ဖော်ပြသည်။
ယမန်နေ့က တိုက်ပွဲကို DMO PDF ၏ဗျူဟာ ၃ C၊D၊E တပ်ခွဲ့အချို့၊အလယ်ပိုင်းတိုင်း ၁၁၀၂ တပ်ရင်းတပ်ခွဲအချို့နှင့် ဖရူဆို PDF တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းအသိပေးသည်။
