close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယားက ခြိမ်းခြောက်လာရင် ပြတ်ပြတ်သားသား တုံ့ပြန်ဖို့ နယ်ခြားစောင့် တပ်တွေကို မြောက်ကိုရီးယား ညွှန်ကြား

တောင်ကိုရီးယားဖက်က ထိပါးခြိမ်းခြောက်တာမျိုးတွေ ရှိလာရင် ပြတ်ပြတ်သားသား တုံ့ပြန်ဖို့ နယ်ခြားစောင့် စစ်တပ်တွေကို မြောက်ကိုရီးယားက ညွှန်ကြားထားကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

တောင်ကိုရီးယားဖက်က ထိပါးခြိမ်းခြောက်တာမျိုးတွေ ရှိလာရင် ပြတ်ပြတ်သားသား တုံ့ပြန်ဖို့ နယ်ခြားစောင့် စစ်တပ်တွေကို မြောက်ကိုရီးယားက ညွှန်ကြားထားကြောင်း သိရပါတယ်။

အဲဒီ အခြေအနေက ကိုရီးယား နှစ်နိုင်ငံကြား လုံခြုံရေးအင်အား အလုံးအရင်း ဖြန့်ကျက်ထားရာ နယ်စပ်မှာ နောက်ထပ် တင်းမာမှုတွေ ဖြစ်ပေါ်လာနိုင်ခြေတွေဆီ ဦးတည်နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း နယ်စပ်နားမှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် တောင်ကိုရီးယား စစ်သည် ၃ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း နှစ်နိုင်ငံကြား ဆက်ဆံရေးက အတော်လေး ဆိုးရွားနေခဲ့ပါတယ်။

အောက်တိုဘာ ၂၀ ရက်နေ့မှာတော့ တောင်ကိုရီးယားက နောက်ထပ် မြောက်ကိုရီးယား ရန်စမှုတွေ ရှိလာမယ်ဆိုရင် ကျိန်းသေပေါက် ထိထိရောက်ရောက် လက်တုံ့ပြန်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ထုတ်ပြန်ခဲ့သလို နယ်စပ်တလျှောက် စစ်ရေး ပြင်ဆင်မှုတွေကို ပိုမို မြှင့်တင်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတ်ယ။

အဲဒီနေ့မှာပဲ မြောက်ကိုရီးယား ကြည်းတပ် စစ်ဦးစီး အရာရှိ ပက်ခ်ဂျောင်ချွန်းဟာ တောင်ကိုရီးယားနဲ့ နယ်စပ်စည်းနားက မြောက်ကိုရီးယား စစ်စခန်းတွေကို သွားရောက် စစ်ဆေး ကြည့်ရှုခဲ့ပါတယ်။ အဲဒီ ခရီးစဉ်မှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်ပြီး နိုင်ငံရေး ဩဇာ ကြီးမားတဲ့ ကင်မ်ယိုဂျောင်လည်း လိုက်ပါသွားခဲ့ကြောင်း အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နှစ်နိုင်ငံ နယ်စပ်စည်းရဲ့ အနေအထားတွေကို မြောက်ကိုရီးယား စစ်တပ်က ဘယ်သူ့ထက်မဆို ကောင်းကောင်းသိကြောင်း၊ နယ်စပ်ကို ထိပါးကျူးကျော် ရန်စတာတွေ ရှိလာရင် ပြတ်ပြတ်သားသား တုံ့ပြန်ရမှာဖြစ်ကြောင်း ပက်ခ်က စစ်သားတွေကို ပြောကြားခဲ့ပါတယ်။ နောက်ပြီး မြောက်ကိုရီးယား နယ်စပ်ကို ထိုးဖောက်လို့ မရနိုင်တဲ့ ခံတပ်တစ်ခုလို တည်ဆောက်ကြဖို့လည်း ပက်ခ်က တိုက်တွန်းခဲ့ကြောင်း KCNAက ဆိုပါတယ်။

ပြီးခဲ့တဲ့လက စစ်သည် ၃ ဦး ဒဏ်ရာရခဲ့တဲ့ ပေါက်ကွဲမှုဟာ မြောက်ကိုရီးယားရဲ့ မြေမြှုပ်မိုင်းကြောင့်လို့ တောင်ကိုရီးယားက စွပ်စွဲခဲ့ပြီး နယ်စပ်မှာ ခံစစ်အစီအမံသစ်တွေ ချဲ့ထွင် တည်ဆောက်နေတဲ့ မြောက်ကိုရီးယားရဲ့ လုပ်ရပ်တွေ ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မတူညီတဲ့ ခရုစ်ဒုံးကျည် အမျိုးအစား နှစ်ခုကို ရေငုပ်သင်္ဘော တစ်စင်းကနေ စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား နိုင်ငံက စူပါမားကက်တစ်ခုမှာ ဓားကိုင်တိုက်ခိုက်မှု တစ်ခုကြောင့် လူ ၈ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အဆင့်မြှင့်တင်ထားတဲ့ ပဲ့ထိန်းဒုံးကျည် အမျိုးအစားသစ်ကို အောင်အောင်မြင်မြင် စမ်းသပ် ပစ်ခတ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ တီထွင်ထုတ်လုပ်ထားတဲ့ ပထမဆုံး ဟိုက်ပါဆောနစ် ဒုံးကျည်ကို တောင်ကိုရီးယားက စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း သိရပါတယ်။