close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာအပါအဝင် ငွေကြေးခဝါချမှုအမည် ပျက်စာရင်းသွင်းခံရတဲ့နိုင်ငံတွေရဲ့အ​ခြေအ​နေသုံးသပ်မယ့် FATF အစည်းအဝေးလာမယ့်အပတ်အတွင်း ကျင်းပမယ်

မြန်မာအပါအ၀င် စောင့်ကြည့်စစ်ဆေးမှု တိုးမြှင့်ခံထားရတဲ့ နိုင်ငံတွေနဲ့ပတ်သက်လို့ထပ်မံဆုံးဖြတ်မယ့် နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)အစည်းအဝေးကို အခုအောက်တိုဘာနောက်ဆုံးပတ်မှာ ကျင်းပ​တော့မှာဖြစ်ပါတယ်။

(၂၀၂၅ ဇွန်လမှကျင်းပခဲ့တဲ့ FATF အစည်းအ​ဝေးကို​တွေ့ရစဥ်။ဓါတ်ပုံ-FATF )

အောက်တိုဘာ-၂၁ ၊၂၀၂၆။ဇော်၀င်း /People’s Spring

မြန်မာအပါအ၀င် စောင့်ကြည့်စစ်ဆေးမှု တိုးမြှင့်ခံထားရတဲ့ နိုင်ငံတွေနဲ့ပတ်သက်လို့ထပ်မံဆုံးဖြတ်မယ့် နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)အစည်းအဝေးကို အခုအောက်တိုဘာနောက်ဆုံးပတ်မှာ ကျင်းပ​တော့မှာဖြစ်ပါတယ်။

FATFဥက္ကဌဗြိတိန်နိုင်ငံသား Giles Thomson ဦးဆောင်ပြီး ပထမဆုံးအကြိမ်ကျင်းပမယ့် ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်မှုအဖွဲ့ဝင် အင်အားစု စုံညီအစည်းအဝေးကို အောက်တိုဘာ ၂၈ ရက်ကနေ ၃၀ ရက်အထိ ကျင်းပသွားမယ်လို့ FATFက မနေ့ကကြေညာပါတယ်။

နိုင်ငံပေါင်း ၂၀၀ ကျော်နဲ့ လေ့လာသူအဖွဲ့အစည်းတွေပါဝင်တဲ့ FATF ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်တစ်ခုလုံးကကိုယ်စားလှယ်တွေက ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ သမာဓိရှိမှုနဲ့ လုံခြုံရေးအတွက် ဖြစ်ပေါ်တိုးတက်လာနေတဲ့ ခြိမ်းခြောက်မှုတွေကို ပါရီမြို့မှာစုဝေးဆွေးနွေးမှာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ဘဏ္ဍာရေး ထောက်ပံ့မှုတွေနဲ့ အစုလိုက်အပြုံလိုက် သေစေတတ်တဲ့လက်နက်တွေ ပြန့်ပွားမှုကို တိုက်ဖျက်ဖို့ နိုင်ငံတွေရဲ့ အရေးယူဆောင်ရွက်ချက် ဘယ်လောက် ထိရောက်တယ်ဆိုတာ အပါအ၀င် FATF ရဲ့ အကြံပြုချက်တွေကို လိုက်နာဆောင်ရွက်မှု အခြေအနေတွေကို စစ်ဆေးမယ်လို့ ဆိုပါတယ်။

စောင့်ကြည့်စစ်ဆေးမှု တိုးမြှင့်ခံထားရတဲ့ နိုင်ငံတွေ (Jurisdictions under increased monitoring) ရဲ့တိုးတက်မှုရှိ ၊မရှိ အခြေအနေတွေကိုလည်းပြန်လည်သုံးသပ်မယ်လို့ အသိပေးပါတယ်။

အဲဒီစုံညီအစည်းအဝေးရဲ့ရလဒ်အကျဉ်းချုပ်ကို FATF ရဲ့တရားဝင်ဝဘ်ဆိုက်မှာထုတ်ပြန်ပေးသွားမယ်လို့လည်းဖော်ပြထားပါတယ်။

နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)ကမြန်မာနိုင်ငံကိုဘဏ္ဍာရေးဆိုင်ရာအမည်ပျက်နိုင်ငံ(Black Lists)အဖြစ်မြောက်ကိုးရီးယား၊ အီရန်နိုင်ငံတွေနဲ့အတူ စစ်တပ်အာဏာသိမ်းပြီး ​နောက်တစ်နှစ် ၂၀၂၂ ခုနှစ်ကတည်းက သတ်မှတ်ထားဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ Blacklist ထဲ ပါဝင်ခဲ့ပေမယ့် ငွေကြေးလွှဲပြောင်းမှုတိုင်းကို အထူးသတိပြု စောင့်ကြည့်စစ်ဆေးတဲ့ Enhanced Due Diligence (EDD) အဆင့်ကိုသာတိုးမြှင့်လုပ်ဆောင်ဖို့ နဲ့ ငွေကြေးခဝါချမှု အန္တရာယ်အမြင့်ဆုံးဖြစ်နေပြီးတရားမဝင် ငွေကြေးစီးဆင်မှုတွေအတွက် စိစစ်မှု ရှိ၊မရှိ ဆက်လက် စောင့်ကြည့်မယ်ဆိုပြ ဇွန်လ ၁၉ရက်က ကျင်းပတဲ့ FATF ရဲ့ အစည်း အဝေးမှာ သတ်မှတ်ထားတာဖြစ်ပါတယ်။

အခုလာမယ့်အစည်းအဝေးမှာ FATF ရဲ့ ကောင်တာမက်ရှာ(Countermeasures)လို့ခေါ်တဲ့အပြင်းထန်ဆုံးအဆင့်အထိ မြန်မာနိုင်ငံကိုသတ်မှတ်လိုက်မယ်ဆိုရင်ကမ္ဘာတစ်ဝန်းက ဘဏ်တွေဟာ အဲဒီနိုင်ငံနဲ့ ပတ်သက်တဲ့ ငွေပေးငွေယူတွေကို အန္တရာယ်မြင့်မား တယ်လို့ သတ်မှတ်ပြီး ငွေလွှဲတာကို ငြင်းပယ်တာ၊ အလွန်တင်းကျပ်တဲ့ စစ်ဆေးမှုတွေ လုပ်တာ၊ ဝန်ဆောင်မှုပေးဖို့ ရှောင်ရှားတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဒီလိုဖြစ်လာရင် အာဏာသိမ်းစစ်အုပ်စုအတွက် နိုင်ငံခြားငွေ ရရှိဖို့ ပိုခက်လာတာ၊ နိုင်ငံတကာငွေပေးချေမှုစနစ်ကိုအသုံးပြုဖို့ အတားအဆီးတွေများလာတာ၊လက်နက်ဝယ်ယူရေးနဲ့ စစ်ဆင်ရေးဆိုင်ရာ အသုံးစရိတ်တွေ ပိုမိုကြီးမားလာတာနဲ့ နောက်ဆုံးမှာ စစ်အစိုးရရဲ့ အုပ်ချုပ်နိုင်စွမ်းကိုပါ ထိခိုက်ယိုင်နဲ့ လာစေမယ်လို့ စီးပွားရေး ပညာရှင်တွေက သုံးသပ်ထားပါတယ်။

ဒါကြောင့်လည်း အာဏာသိမ်းစစ်တပ်က အခြားငွေပေးချေမှုလမ်းကြောင်းများရှာဖွေနေမှု ဖြစ်တဲ့ ဘယ်လာရုဇ်လိုနိုင်ငံတွေဆီက ချေးငွေရယူဖို့ကြိုးပမ်းတာနဲ့ ပြည်ပရောက်မြန်မာလုပ်သားတွေ ဝင်ငွေကို ပြန်လွှဲခိုင်းတာ အစရှိတဲ့ နိုင်ငံခြားငွေဘဏ္ဍာရေးဖိအားများကို လျှော့ချဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

ပို့ကုန်ရငွေရဲ့ တစ်စိတ်တစ်ပိုင်းကို မဖြစ်မနေ ကျပ်ငွေပြောင်းခိုင်းတာ၊ နိုင်ငံခြားငွေတွေကို ဗဟိုဘဏ်က ထိန်းချုပ်နိုင်အောင် စည်းမျဉ်းတွေ ချမှတ်တာတွေကလည်း အာဏာသိမ်းပိုင်းနောက်ပိုင်းကတည်းက စစ်တပ်ကထိန်းချုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ရဲ့ ပုဂ္ဂလိက ဘဏ်လုပ်ငန်းကြီး တစ်ခုဖြစ်တဲ့ အမေရိကဘဏ် (Bank of America)ဟာ ငွေကြေး ခဝါချမှုနဲ့ တခြားသော တရားမဝင် ငွေအလွှဲအပြောင်းတွေကို စိစစ်စုံစမ်းဖို့ အကြီးအကျယ် ပျက်ကွက်ခဲ့ဖွယ်ရှိကြောင်း စွပ်စွဲမှုကြောင့် ဒေါ်လာ ၁.၂၁ ဘီလီယံ ဒဏ်ရိုက်ခံခဲ့ရပါတယ်။