close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့ဖလားမှာ နိုင်ပွဲပျောက်နေဆဲဖြစ်တဲ့ တောင်အမေရိကသားတွေ

ကမ္ဘာ့ဖလား အုပ်စု (ဇ) အဖွင့်ပွဲစဉ်မှာတော့ ဥရုဂွေးဟာ အာရှနိုင်ငံ တစ်ခုဖြစ်တဲ့ ဆော်ဒီအာရေးဘီးယားကို နောက်ကလိုက်ကစားပြီး တစ်ဂိုးစီ သရေကျခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ စတင်ချိန် ကတည်းက တောင်အမေရိက အသင်းတွေဟာ နိုင်ပွဲတစ်ပွဲ ရှာတွေ့ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား အုပ်စု (ဇ) အဖွင့်ပွဲစဉ်မှာတော့ ဥရုဂွေးဟာ အာရှနိုင်ငံ တစ်ခုဖြစ်တဲ့ ဆော်ဒီအာရေးဘီးယားကို နောက်ကလိုက်ကစားပြီး တစ်ဂိုးစီ သရေကျခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ စတင်ချိန် ကတည်းက တောင်အမေရိက အသင်းတွေဟာ နိုင်ပွဲတစ်ပွဲ ရှာတွေ့ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

တကယ်တော့ တောင်အမေရိက ဆိုတာဟာ ကမ္ဘာ့ဘောလုံးရပ်ဝန်းမှာ ရေခံမြေခံ အကောင်းဆုံး ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ချန်ပီယံဆုတွေကို ဆွတ်ခူးဖူးတာဆိုလို့ ဥရောပနဲ့ တောင်အမေရိက နိုင်ငံတွေသာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ကမ္ဘာ့ဖလား အုပ်စုအဖွင့် ပွဲစဉ်တွေမှာတော့ ဘောလုံးအစဉ်အလာကောင်းတဲ့ တောင်အမေရိကသားတွေဟာ မကြုံစဖူး အတော်လေး ရုန်းကန်နေရပါတယ်။

အခုနှစ် ကမ္ဘာ့ဖလားမှာတော့ တောင်အမေရိက ကိုယ်စားပြု ၆ သင်းထိ ပါဝင် ယှဉ်ပြိုင်ခွင့် ရခဲ့ပြီး ပါရာဂွေး၊ ဘရာဇီး၊ အီကွေဒေါနဲ့ ဥရုဂွေး အသင်းတွေကတော့ အဖွင့်ပွဲစဉ်တွေ ယှဉ်ပြိုင်ပြီးပါပြီ။ အဲဒီထဲမှာ ကမ္ဘာ့ဖလားကို ၅ ကြိမ် ဆွတ်ခူးဖူးတဲ့ ဘရာဇီးရော၊ ဆုဖလား ၂ ကြိမ် ကိုင်မြှောက်ဖူးတဲ့ ဥရုဂွေးပါ ပြိုင်ဘက်တွေကို နောက်ကနေ လိုက်ကစားခဲ့ပြီးမှ သရေ ၁ မှတ်စီ ရခဲ့ကြပါတယ်။ ပါရာဂွေးက အိမ်ရှင် အမေရိကန်ကို လေးဂိုး-တစ်ဂိုးနဲ့ အရှုံးကြီးရှုံးပြီး အီကွေဒေါကလည်း အိုင်ဗရီကို့စ်ကို တစ်ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ထားပါတယ်။

ဒါကြောင့် ယှဉ်ပြိုင်ပြီးသမျှ တောင်အမေရိက အသင်းအားလုံး နိုင်ပွဲပျောက်နေကြပြီး လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနား၊ နောက်ထပ် ဒေသတွင်း နာမည်ကြီး အသင်းတစ်သင်းဖြစ်တဲ့ ကိုလံဘီယာတို့ကို ဆက်ပြီး စောင့်ကြည့်ရမှာပါ။ ကိုလံဘီယာက ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်မယ့် ဥဇဘက်ကစ္စတန်နဲ့ တွေ့ဆုံမှာဖြစ်ပြီး အာဂျင်တီးနားက အယ်လ်ဂျီးရီးယားနဲ့ ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အခုနှစ်မှာ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းအရေအတွက်ကို ၃၂ သင်းအစား ၄၈ သင်းအထိ တိုးချဲ့ခဲ့တာကြောင့် ပြိုင်ပွဲရဲ့ အရည်အသွေးကို ထိခိုက်စေနိုင်ကြောင်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ပြိုင်ဆိုင်မှုတွေက ပိုပြီး ပြင်းထန်လာသလို အသင်းငယ်တွေရဲ့ ခံကန်အားကြောင့် နာမည်ကြီး အသင်းတွေ အငိုက်မိကုန်တာ၊ အခက်ကြုံသွားတာတွေကို တွေ့နေရပါတယ်။ လောလောလတ်လတ် အနေနဲ့ ကမ္ဘာ့ချန်ပီယံဟောင်း၊ ပြီးတော့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတစ်သင်းဖြစ်တဲ့ စပိန်ဟာ ကမ္ဘာ့ဖလားရဲ့ လူသစ်တန်း ကိပ်ဗာဒီကို ဂိုးမရှိ သရေကျသွားခဲ့ပါတယ်။

ကမ္ဘာ့ဖလားမှာ တောင်အမေရိက အသင်းတွေ ရုန်းကန်နေရပေမယ့် အာရှတိုက် ကိုယ်စားပြု အသင်းတွေကတော့ မျှော်လင့်ထားတာထက် ပိုပြီး ကောင်းမွန်တဲ့ စွမ်းဆောင်မှုတွေ ပြသနေဆဲပါ။

ဩစတြေးလျ အပါအဝင် အာရှဘောလုံးအဖွဲ့ချုပ် (AFC) ကိုယ်စားပြု ၉ သင်းထိ အခုနှစ် ကမ္ဘာ့ဖလားမှာ ပါဝင်ယှဉ်ပြိုင်နေပြီး ၆ သင်းက အဖွင့်ပွဲစဉ်တွေ ကစားပြီး ရှုံးပွဲ မရှိခဲ့ပါဘူး။ တောင်ကိုရီးယားနဲ့ ဩစတြေးလျတို့က ပြိုင်ဘက်တွေကို အသီးသီး အနိုင်ကစားခဲ့သလို ကာတာ၊ ဂျပန်၊ ဆော်ဒီနဲ့ အီရန်တို့ဟာလည်း သရေရလဒ်တွေ ပိုင်ဆိုင်ခဲ့ကြပါတယ်။

ကိုးကား: FIFA

ဓာတ်ပုံ – Reuters, Getty Images,AP,AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာတော့ အာရှတိုက် ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်တဲ့ အသင်းတွေရဲ့ လက်ရှိ ဖြတ်သန်းမှုဟာ ရှုံးပွဲ မရှိသေးသလို ကျေနပ်စရာ ရလဒ်တွေကို တွေ့မြင်နေရပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့်ရရှိထားတဲ့ အာဏာသိမ်းစစ်တပ် နဲ့ ဗီယက်နမ်စစ်တပ် ပူး​ပေါင်းပိုင်တဲ့ Mytel ရဲ့ TV360 စာမျက်နှာကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar-JFM က အသိပေးထားပါတယ်။

အတွေးအမြင်

-John Doe ရေးသားသည်။ ၂၀၂၆ကမ္ဘာ့ဖလားပွဲ မစတင်ခင်လေးမှာပဲဩစတြေလျအမျိုးသားဘောလုံးအသင်းသားတွေက ဗီဒီယိုလေးတစ်ခုကိုအင်တာနက်ကတစ်ဆင့်ဖြန့်ချိခဲ့ပါတယ်။ ဩစတြေလျဘောလုံးအသင်းကိုဆောကာရူးစ် (Socceroos) လို့သူတို့နိုင်ငံသားတွေကချစ်စနိုးခေါ်ကြတယ်။ဘောလုံး(Soccer)နဲ့သားပိုက်ကောင် (Kangaroos)ကိုပေါင်းစပ်ခေါ်ဝေါ်ကြတာပါ။ ဒီဗီဒီယိုအဖွင့်မှာအသင်းရဲ့တောင်ပံကစားသမားအဝါမာဘီလ်က”ကျွန်တော်ကကင်ညာနိုင်ငံ၊ကာကူမာကဒုက္ခသည်စခန်းမှာမွေးပါတယ်။ကျွန်တော်မိဘတွေကဆူဒန်လူမျိုးတွေပါ”လို့စပြောပါတယ်။ နောက်တန်းခံစစ်မှူးအဇစ်ဘာဟစ်ချ်က“ကျွန်တော့်မိသားစုကဆိုက်ပရပ်စ်ကပြောင်းရွှေ့လာတာပါ”လို့နှုက်ဆက်တယ်။ Public Service Announcement နောက်တစ်ယောက်ကသူဟာဂီနီကနေဩစတြေလျကိုဒုက္ခသည်ဘဝနဲ့ပြောင်းရွှေ့လာခဲ့တာပါလို့ပြောတယ်။နောက်တစ်ယောက်ကသူဟာခရိုအေးရှားကပါတဲ့။ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက်သူတို့ရဲ့နောက်ကြောင်းကိုဖေါ်ပြပြီးမိတ်ဆက်ကြတယ်။ မိတ်ဆက်ပြီးသွားတဲ့အခါမှာတော့တစ်ဦးချင်းအလှည့်ကျပြောသွားကြတာက ”မင်းဘယ်ကပဲလာလာဘောလုံးဟာလူသားတိုင်းအတွက်ဖြစ်တယ်”ဆိုတဲ့စကားပါပဲ။ ‘ငါတို့ရဲ့မတူကွဲပြားမှုဟာ ငါတို့ရဲ့ ခွန်အားပဲ”လို့ဆက်ပြောပါတယ်။ Socceroosတွေရဲ့သတင်းစကားဟာလူမျိုးရေးခွဲခြားမှုတွေနဲ့နိုင်ငံခြားသားမုန်းတီးမှုတွေအသံကျယ်လောင်နေတဲ့ဒီနေ့ကမ္ဘာကိုတပ်လှန့်သတိပေးလိုက်တာဖြစိပါတယ်။တစ်ဖက်မှာကမ္ဘာ့ဖလားကိုအိမ်ရှင်အဖြစ်ကျင်းပမယ့်ဒေါ်နယ်ထရမ့်ရဲ့အမေရိကန်ကိုလည်းသူတို့ရဲ့ခံယူချက်ကိုကျေညာလိုက်တာပါ။ Socceroosတွေရဲ့ဩစတြေလျမှာလည်းလက်ယာစွန်းအမျိုးသားရေးဝါဒီအမည်ခံတွေကခေါင်းထောင်နေပါတယ်။One Nation...

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဝင် အင်္ဂလန် ဘောလုံးအသင်းရဲ့ လေ့ကျင့်ရေး ကိရိယာတွေ ခိုးယူမှု ခံခဲ့ရကြောင်း သိရပါတယ်။