close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့ဖလားမှာ ရှုံးပွဲမရှိသေးတဲ့ အာရှကိုယ်စားပြု အသင်းတွေ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာတော့ အာရှတိုက် ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်တဲ့ အသင်းတွေရဲ့ လက်ရှိ ဖြတ်သန်းမှုဟာ ရှုံးပွဲ မရှိသေးသလို ကျေနပ်စရာ ရလဒ်တွေကို တွေ့မြင်နေရပါတယ်။

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာတော့ အာရှတိုက် ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်တဲ့ အသင်းတွေရဲ့ လက်ရှိ ဖြတ်သန်းမှုဟာ ရှုံးပွဲ မရှိသေးသလို ကျေနပ်စရာ ရလဒ်တွေကို တွေ့မြင်နေရပါတယ်။

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားမှာ အာရှ ဘောလုံးအဖွဲ့ချုပ် (AFC) လက်အောက်ကနေ စံချိန်တင် အရေအတွက်အဖြစ် စုစုပေါင်း ၉ သင်းထိ ခွဲတမ်းနေရာ ရရှိခဲ့ပါတယ်။ အဲဒီ အသင်းတွေထဲမှာ ဩစတြေးလျကလည်း AFCရဲ့ ဖွဲ့စည်းပုံ အောက်ကနေ ပါဝင်ယှဉ်ပြိုင်လာတာ ဖြစ်ပါတယ်။

အာရှကိုယ်စားပြု ၉ သင်းမှာ တောင်ကိုရီးယား၊ ဩစတြေးလျ၊ ဂျပန်နဲ့ ကာတာတို့ရဲ့ ကမ္ဘာ့ဖလား အုပ်စုအဖွဲ့ ပွဲစဉ်တွေကို ယှဉ်ပြိုင်ထားပြီး ၂ ပွဲနိုင်၊ ၂ ပွဲသရေဆိုတဲ့ ရလဒ်မျိုး ထွက်ပေါ်ထားပါတယ်။ တောင်ကိုရီးယားဟာ ချက်အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဩစတြေးလျကလည်း တူရကီ အသင်းအပေါ် နှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံခဲ့ပါတယ်။ ကာတာက ဥရောပ အသင်းကောင်း တစ်ခုဖြစ်တဲ့ ဆွစ်ဇာလန်နဲ့ တစ်ဂိုးစီ သရေကျခဲ့ပြီး ဂျပန်ကလည်း ဗိုလ်စွဲမယ်လို့ ထင်ကြေးပေး ခံထားရတဲ့ နယ်သာလန်ကို နှစ်ဂိုးစီ သရေ ကစားပြခဲ့ပါတယ်။

ကမ္ဘာ့ဖလားမှာ အာရှအသင်းတွေဟာ အသင်းငယ်တွေ၊ အိမ်ဖြည့်တွေဆိုတဲ့ ဂုဏ်ငယ်ရတဲ့ အစဉ်အလာကို ပြီးခဲ့တဲ့ ပြိုင်ပွဲတချို့ကစလို့ အာရှတိုက်သားတွေက စတင် ချေဖျက်ပြလာခဲ့ပါတယ်။ အခုနှစ် ပြိုင်ပွဲရဲ့ အုပ်စု အဖွင့် ပွဲစဉ်တွေမှာလည်း ကစားပြီးသမျှ အာရှအသင်းတွေဟာ ရလဒ်ပိုင်း အရရော၊ ခြေစွမ်းနဲ့ အရည်အသွေး အရပါ ဂုဏ်ငယ်စရာ မရှိတဲ့ ပုံရိပ်မျိုးကို ပြသနေကြပါတယ်။

Public Service Announcement

Public Service Announcement

တခြားအာရှဇုန် အသင်းတွေဖြစ်တဲ့ အီရန်၊ အီရတ်၊ ဂျော်ဒန်၊ ဆော်ဒီအာရေးဘီးယားနဲ့ ဥဇဘက်ကစ္စတန်တို့ဟာလည်း အုပ်စုပွဲစဉ်တွေ ကစားရဦးမှာ ဖြစ်ပါတယ်။ အီရန်က နယူးဇီလန်၊ အီရတ်က နော်ဝေး၊ ဂျော်ဒန်က ဩစတြီးယား၊ ဆော်ဒီက ဥရုဂွေး၊ ဥဇဘက်က ကိုလံဘီယာစတဲ့ ပြိုင်ဘက်တွေနဲ့ အသီးသီး ရင်ဆိုင်ကြရမှာပါ။

အခုနှစ် ကမ္ဘာ့ဖလားမှာ ပြိုင်ပွဲဝင် အသင်းအရေအတွက်ကို ၃၂ သင်းအစား ၄၈ သင်းထိ ချဲ့ထွင်လိုက်တာကြောင့်လည်း အာရှ အသင်းတွေရဲ့ ခွဲတမ်းက ပိုမို ရရှိလာတာပါ။ ဂျော်ဒန်နဲ့ ဥဇဘက်တို့ဟာ ကမ္ဘာ့ဖလားမှာ ပထမဆုံးအကြိမ် ပါဝင် ယှဉ်ပြိုင်ခွင့် ရလာတာဖြစ်ပြီး တောင်ကိုရီးယားကတော့ ကမ္ဘာ့ဖလား ၁၁ ကြိမ်ဆက် ပါဝင်ခွင့်ရတယ်ဆိုတဲ့ မှတ်တမ်းကောင်းနဲ့အတူ ခြေစစ်ပွဲ အောင်လာခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: FIFA

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့်ရရှိထားတဲ့ အာဏာသိမ်းစစ်တပ် နဲ့ ဗီယက်နမ်စစ်တပ် ပူး​ပေါင်းပိုင်တဲ့ Mytel ရဲ့ TV360 စာမျက်နှာကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar-JFM က အသိပေးထားပါတယ်။

အတွေးအမြင်

-John Doe ရေးသားသည်။ ၂၀၂၆ကမ္ဘာ့ဖလားပွဲ မစတင်ခင်လေးမှာပဲဩစတြေလျအမျိုးသားဘောလုံးအသင်းသားတွေက ဗီဒီယိုလေးတစ်ခုကိုအင်တာနက်ကတစ်ဆင့်ဖြန့်ချိခဲ့ပါတယ်။ ဩစတြေလျဘောလုံးအသင်းကိုဆောကာရူးစ် (Socceroos) လို့သူတို့နိုင်ငံသားတွေကချစ်စနိုးခေါ်ကြတယ်။ဘောလုံး(Soccer)နဲ့သားပိုက်ကောင် (Kangaroos)ကိုပေါင်းစပ်ခေါ်ဝေါ်ကြတာပါ။ ဒီဗီဒီယိုအဖွင့်မှာအသင်းရဲ့တောင်ပံကစားသမားအဝါမာဘီလ်က”ကျွန်တော်ကကင်ညာနိုင်ငံ၊ကာကူမာကဒုက္ခသည်စခန်းမှာမွေးပါတယ်။ကျွန်တော်မိဘတွေကဆူဒန်လူမျိုးတွေပါ”လို့စပြောပါတယ်။ နောက်တန်းခံစစ်မှူးအဇစ်ဘာဟစ်ချ်က“ကျွန်တော့်မိသားစုကဆိုက်ပရပ်စ်ကပြောင်းရွှေ့လာတာပါ”လို့နှုက်ဆက်တယ်။ Public Service Announcement နောက်တစ်ယောက်ကသူဟာဂီနီကနေဩစတြေလျကိုဒုက္ခသည်ဘဝနဲ့ပြောင်းရွှေ့လာခဲ့တာပါလို့ပြောတယ်။နောက်တစ်ယောက်ကသူဟာခရိုအေးရှားကပါတဲ့။ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက်သူတို့ရဲ့နောက်ကြောင်းကိုဖေါ်ပြပြီးမိတ်ဆက်ကြတယ်။ မိတ်ဆက်ပြီးသွားတဲ့အခါမှာတော့တစ်ဦးချင်းအလှည့်ကျပြောသွားကြတာက ”မင်းဘယ်ကပဲလာလာဘောလုံးဟာလူသားတိုင်းအတွက်ဖြစ်တယ်”ဆိုတဲ့စကားပါပဲ။ ‘ငါတို့ရဲ့မတူကွဲပြားမှုဟာ ငါတို့ရဲ့ ခွန်အားပဲ”လို့ဆက်ပြောပါတယ်။ Socceroosတွေရဲ့သတင်းစကားဟာလူမျိုးရေးခွဲခြားမှုတွေနဲ့နိုင်ငံခြားသားမုန်းတီးမှုတွေအသံကျယ်လောင်နေတဲ့ဒီနေ့ကမ္ဘာကိုတပ်လှန့်သတိပေးလိုက်တာဖြစိပါတယ်။တစ်ဖက်မှာကမ္ဘာ့ဖလားကိုအိမ်ရှင်အဖြစ်ကျင်းပမယ့်ဒေါ်နယ်ထရမ့်ရဲ့အမေရိကန်ကိုလည်းသူတို့ရဲ့ခံယူချက်ကိုကျေညာလိုက်တာပါ။ Socceroosတွေရဲ့ဩစတြေလျမှာလည်းလက်ယာစွန်းအမျိုးသားရေးဝါဒီအမည်ခံတွေကခေါင်းထောင်နေပါတယ်။One Nation...

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဝင် အင်္ဂလန် ဘောလုံးအသင်းရဲ့ လေ့ကျင့်ရေး ကိရိယာတွေ ခိုးယူမှု ခံခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ ဖွင့်ပွဲ အခမ်းအနားမှာ ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် ထိုင်းအဆိုတော်မလေး လီဆာက မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။