close
Connect with us

Hi, what are you looking for?

သတင်း

NLD ရုံးချုပ်ရှိ ဆိုင်းဘုတ်နဲ့ အလံကို စစ်တပ်ဖြုတ်ချ

အထက်ရွှေဂုံတိုင်လမ်းမပေါ်မှာရှိတဲ့ အမျိုးသားဒီမိုက​ရေစီ (NLD )ရုံးချုပ်အ​​ဆောက်အအုံမှာရှိ​နေတဲ့ဆိုင်းဘုတ်နဲ့ အလံကို အာဏာသိမ်းစစ်တပ်က ဖြုတ်ချခဲ့ပါတယ်။

(စစ်တပ် ဖျက်ဆီးပြီး ချိတ်ပိတ်ထားတဲ့ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်(NLD)ပါတီရုံးချုပ်အ​​ဆောက်အအုံကို ဇွန်လ ၁၃ ရက်မှာ​တွေ့ရစဥ်။ဓါတ်ပုံ-TP)

ဇွန်-၁၃၊၂၀၂၆။တာရာ/People’s Spring

အထက်ရွှေဂုံတိုင်လမ်းမပေါ်မှာရှိတဲ့ အမျိုးသားဒီမိုက​ရေစီ (NLD )ရုံးချုပ်အ​​ဆောက်အအုံမှာရှိ​နေတဲ့ဆိုင်းဘုတ်နဲ့ အလံကို အာဏာသိမ်းစစ်တပ်က ဖြုတ်ချခဲ့ပါတယ်။

စစ်တပ်ကဇွန်လ ၁၂ ရက်ညပိုင်းမှာ NLD ရုံးချုပ်ရှိ ဆိုင်းဘုတ်နဲ့ အလံကို လာရောက်ဖြုတ်ချသွားခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

“ကားသုံးစီးလောက်နဲ့ လာပြီးဖြုတ်သွားတာ။ ည ၁၀ နာရီဝန်းကျင်လောက်တော့ရှိမယ်။ အရင်တုန်းကဒီတိုင်းပဲရှိနေတာ။ အခုမှလာဖြုတ်သွားတာ”လို့ မျက်မြင်​တွေ့ရှိသူတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၀ ရွေးကောက်ပွဲမှာသောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့ NLD ပါတီကို မဲစာရင်းမှားယွင်းတယ်လို့ စစ်တပ်က စွပ်စွဲပြီး ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် ပါတီ​ခေါင်း​ဆောင်​တွေကိုဖမ်းဆီးကာ အာဏာသိမ်းခဲ့ပါတယ် ။ဒါအပြင်ပါတီရုံး​တွေကို စစ်တပ်ကကျူးကျော်ဖျက်ဆီးခဲ့သလို ပါတီဝင်တွေရဲ့ နေအိမ်ပိုင်ဆိုင်မှုရာ​ပေါင်းများစွာကိုလည်း ချိတ်ပိတ်ခဲ့ပါတယ်။

စစ်တပ်က ဒီချုပ်ပါတီ ကိုယ်စားလှယ် ၁၉၉ ဦး နဲ့ ပါတီဝင် ၂၆၁ ဦး စုစု​ပေါင်း ၄၆၀ ဦးရဲ့​နေအိမ်​တွေကို ချိတ်ပိတ်ခဲ့ပြီး ၊ ဒီချုပ်အမတ် ၁၄၉ ဦး ၊ပါတီဝင် ၂၈၈၀ ဦး အပါအဝင် ပြည်သူ​ပေါင်း နှစ်​သောင်းဝန်းကျင်ကို မတရာဖမ်းဆီးထားတယ်လို့ NLD ကထုတ်ပြန်ထားပါတယ်။ဒါအပြင် ဒီချုပ် အမတ် ၈ ဦး ပါတီဝင် ၁၁၈ ဦးတို့ကိုလည်း စစ်တပ်ကသတ်ဖြတ်ခဲ့တယ်လို့ ၂၀၂၆ ​ဖေ​ဖော်ဝါရီလမှာ ဒီချုပ်က ထုတ်ပြန်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကို ရောက်နေတဲ့ စစ်တပ်က နေရာ ၃ခုမှာ တပ်စွဲထားပြီး ဒေသခံ စစ်ဘေးရှောင် ၁၀ဦး ခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။