close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ရဲ့ ထောက်လှမ်းရေး ဝန်ကြီးကို လုပ်ကြံနိုင်ခဲ့ကြောင်း အစ္စရေးပြော

အီရန်ရဲ့ ထောက်လှမ်းရေး ဝန်ကြီးကို လုပ်ကြံသတ်ဖြတ်နိုင်ခဲ့ကြောင်း အစ္စရေး က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AP

အီရန်ရဲ့ ထောက်လှမ်းရေး ဝန်ကြီးကို လုပ်ကြံသတ်ဖြတ်နိုင်ခဲ့ကြောင်း အစ္စရေး က ပြောကြားခဲ့ပါတယ်။

မတ်လ ၁၈ ရက်နေ့မှာ အစ္စရေး ကာကွယ်ရေး ဝန်ကြီး အစ္စရေးကတ်ဇ်က ကြေညာခဲ့ရာမှာ ညလုံးပေါက် လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အီရန်ရဲ့ ထောက်လှမ်းရေး ဝန်ကြီး အစ္စမေးလ် ခါတစ်ဘ် သေဆုံးသွားကြောင်း ဖော်ပြထားပါတယ်။

အစ္စရေးရဲ့ ထုတ်ပြန်ချက် မှန်ကန်တယ်ဆိုရင် နှစ်ရက်အတွင်း အီရန်ရဲ့ ထိပ်တန်း အရာရှိ ၃ ဦးထိ အစ္စရေး တိုက်ခိုက်မှုကြောင့် သေဆုံးခြင်း ဖြစ်ပါတယ်။ အစ္စရေး ကြေညာခဲ့သလိုပဲ ခါတစ်ဘ် သေဆုံးခဲ့သလား ဆိုတာကိုတော့ အီရန်ဖက် အတည်မပြုသေးပါဘူး။

ကတ်ဇ်က အခု ရက်ပိုင်းအတွင်း စစ်ဆင်ရေး မျက်နှာစာ အမျိုးမျိုးမှာ အံ့ဩစရာ သတင်းတွေ မကြာမကြာ ကြားရမယ်လို့ ပြောပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

အဲဒီမတိုင်ခင် တစ်ရက်ကလည်း အစ္စရေးဟာ အီရန်ရဲ့ လုံခြုံရေး အရာရှိချုပ် အလီ လာရီဂျာနီနဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ရဲ့ ထိပ်တန်း တပ်မှူးတစ်ဦးတို့ကို လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ရှင်းလင်းပစ်ခဲ့ပါတယ်။

အီရန်မှာ ဘူရှဟာ နျူကလီးယား ဓာတ်အားပေး စက်ရုံဝင်းထဲကိုလည်း ဒုံးကျည်၊ ဒါမှမဟုတ် ဒရုန်းတစ်ခုခုနဲ့ ပစ်ခတ်တာ ခံခဲ့ရပေမယ့် အသေအပျောက် မရှိခဲ့သလို ဓာတ်ပေါင်းဖိုတွေလည်း အပျက်အစီး မရှိခဲ့ဘူးလို့ အီရန်က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ရေး ပဋိပက္ခတွေ အတောအတွင်း နျူကလီးယားဆိုင်ရာ ဆိုးရွားတဲ့ မတော်တဆမှုတွေ ဖြစ်ပေါ်မလာအောင် အထူးသတိထား ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂရဲ့ နျူကလီးယား အေဂျင်စီဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ အက်တမ်စွမ်းအင် အေဂျင်စီ (IAEA)ရဲ့ အကြီးအကဲ ရာဖေးလ် ဂရော့ဆီက ပြောကြားခဲ့ပါတယ်။

အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အီရန်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆင်နွှဲခဲ့ရာက စတင်ခဲ့တဲ့ စစ်ပွဲဟာ ရက်ပေါင်း ၂၀ နီးပါး ကြာမြင့်လာပြီဖြစ်ပြီး လက်ရှိ အချိန်ထိတော့ နှစ်ဖက်စလုံးက အလျှော့ပေးမယ့်၊ ရပ်တန့်မယ့် အရိပ်အယောင်မျိုး မတွေ့ရသေးပါဘူး။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံရဲ့ လုံခြုံရေးကောင်စီ အကြီးအကဲ သေဆုံးသွားတဲ့အတွက် ပြတ်ပြတ်သားသား လက်တုံ့ပြန်သွားမယ်လို့ အီရန် စစ်တပ် အကြီးအကဲက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ လုံခြုံရေး အရာရှိချုပ်ကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လုပ်ကြံနိုင်ခဲ့ကြောင်း အစ္စရေးက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ တိုက်ခိုက်မှု တစ်ခုအတွင်း သေဆုံးသွားပြီဆိုတဲ့ ကောလာဟလတွေကို အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဗီဒီယိုတစ်ခုနဲ့ တုံ့ပြန် ဖြေရှင်းခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နိုင်ငံ ပိုင်နက်ထဲမှာ တိုက်ခိုက် ဖျက်ဆီးပစ်ရမယ့် ပစ်မှတ်ပေါင်း ထောင်နဲ့ချီ ကျန်နေဆဲလို့ အစ္စရေးက ပြောပါတယ်။