close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

iPhone 16 မော်ဒယ်သစ်တွေကို Apple မိတ်ဆက်

နည်းပညာ လုပ်ငန်းစုကြီး Appleဟာ ကုမ္ပဏီရဲ့ နာမည်ကျော် စမတ်ဖုန်း မော်ဒယ် iPhoneရဲ့ နောက်ဆုံးပေါ် မျိုးဆက်သစ်တွေကို မိတ်ဆက် ကြေညာခဲ့ပါတယ်။

ကုမ္ပဏီ အမှုဆောင်ချုပ် တင်မ်ကွတ်ခ်က iPhone 16 မျိုးကွဲ ၄ ခုဟာ Apple Intelligence စနစ်နဲ့ တခြားထူးကဲထက်မြက်တဲ့ စွမ်းရည်တွေကို ဟန်ချက်ညီ ပေါင်းစပ်ထားတဲ့ iPhoneမျိုးဆက်လို့ ညွှန်းဆိုသွားခဲ့ပါတယ်။

အဲဒီ မျိုးကွဲ ၄ ခုကတော့ iPhone 16၊ iPhone 16 Plusနဲ့ ပိုပြီး စွမ်းဆောင်ရည်မြင့်တဲ့ iPhone 16 Pro၊ iPhone 16 Pro Maxတို့ ဖြစ်ပါတယ်။ ဖုန်းတွေအတွက် ကြိုတင် အမှာစာတွေကို အခုသီတင်းပတ်ကုန်မှာ စတင် လက်ခံမှာဖြစ်ပြီး စက်တင်ဘာ ၂၀ မှာ စတင် ဖြန့်ချိ ရောင်းချမယ်လို့ Appleက ဆိုပါတယ်။

iPhone 16ဟာ ၆.၁ လက်မအရွယ် displayကို အသုံးပြုထားပြီး iPhone 16 Plusမှတော့ ၆.၇ လက်မအရွယ် display ပါဝင်ပါတယ်။ iPhone 16 Proနဲ့ iPhone 16 Pro Maxတို့မှာတော့ ၆.၃ နဲ့ ၆.၉ လက်မအရွယ် displayတွေကို အသီးသီး တပ်ဆင်ထားပါတယ်။ Appleဟာ iPhone 16မှာ ကွဲပြားတဲ့ လုပ်ငန်းတွေကို ထိန်းချုပ်ရာမှာ ပိုမို လွယ်ကူ အဆင်ပြေစေမယ့် action buttonနဲ့ ကင်မရာ အသုံးပြုမှု ပိုမို ချောမွေ့ ထိရောက်စေမယ့် camera control ခလုတ်နှစ်ခုကိုလည်း ထည့်သွင်း တပ်ဆင်ပေးထားပါတယ်။

ဖုန်းအားလုံးဟာ စွမ်းဆောင်ရည် ပိုမိုမြင့်မားတဲ့ A18 chipတွေကို တပ်ဆင်ထားတာဖြစ်ပြီး iPhone 16 Pro မျိုးကွဲနှစ်ခုမှာတော့ တစ်ဆင့်ထပ်မြှင့်ထားတဲ့ chipတွေကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ အဲဒီ chipတွေဟာ အရင်မျိုးဆက် A17တွေထက် စွမ်းဆောင်ရည် ၃၀ ရာခိုင်နှုန်း သာလွန်ပြီး စွမ်းအင်သုံးစွဲမှု ၃၀ ရာခိုင်နှုန်း ပိုနည်းမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် graphicပိုင်း ပံ့ပိုးမှုဟာ ၄၀ ရာခိုင်နှုန်း ပိုမြင့်တက်လာပြီး Assassin’s Creed: Mirage၊ Resident Evil 4တို့လို ဂိမ်းမျိုးတွေကို ကောင်းကောင်း ကိုင်တွယ်နိုင်မယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ကင်မရာ အနေနဲ့ကတော့ အခြေခံ iPhone 16 နှစ်မျိုးမှာ ကင်မရာနှစ်လုံးစီ တပ်ဆင်ထားပြီး iPhone 16 Pro မျိုးကွဲနှစ်ခုမှာတော့ ကင်မရာ သုံးလုံးစီ ပါဝင်လာပါတယ်။

Appleဟာ ဉာဏ်ရည်တု နည်းပညာ (AI)ဖြစ်တဲ့ Apple Intelligenceကိုလည်း အောက်တိုဘာလမှာ ထုတ်ပေးမယ့် updateထဲမှာ စတင် အသုံးပြုခွင့် ပေးမယ်လို့ ဆိုပါတယ်။ အရင်ကတော့ အဲဒီ AI အထောက်အပံ့ကို iPhone Pro မျိုးကွဲတွေ အတွက်ပဲ သီးသန့် သတ်မှတ်ထားရာက iPhone 16မှာတော့ အခြေခံ မော်ဒယ်တွေ အတွက်ပါ အသုံးပြုခွင့် ရလာမှာ ဖြစ်ပါတယ်။

စျေးနှုန်းတွေကတော့ iPhone 16ရဲ့ သိုလှောင်နိုင်စွမ်း 128GB မော်ဒယ်ဟာ အခြေခံ အဆင့်အဖြစ် ၇၉၉ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး စျေးအကြီးဆုံးဖြစ်တဲ့ iPhone 16 Pro Max 1TB မော်ဒယ်ကတော့ ၂၄၉၉ ဒေါ်လာထိ ကျသင့်မယ်လို့ Apple ဝက်ဘ်ဆိုက်မှာ ကြေညာထားတဲ့ စျေးနှုန်းတွေအရ သိရှိရပါတယ်။

ကိုးကား: Verge⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တခြား စမတ်ဖုန်း ကုမ္ပဏီ တစ်ခုဖြစ်တဲ့ တရုတ်ရဲ့ Xiaomiကတော့ စျေးကွက်ထဲ တင်ပို့ရောင်းချမယ့် ကုမ္ပဏီရဲ့ ပထမဆုံး လျှပ်စစ်ကား SU7ကို မကြာသေးခင်က တရားဝင် ထုတ်ပြန် ပြသခဲ့ပါတယ်။

News

စစ်ရာဇဝတ်မှုများကျူးလွန်နေသူ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ယမန်နေ့က နေပြည်တော် MICC ခန်းမ၌ ၎င်းတို့၏ ဝါဒဖြန့်မိုဘိုင်းအက်ပလီကေးရှင်းကို မိတ်ဆက်ဖွင့်လှစ် ခဲ့ပြီး တစ်ရက်အကြာတွင် အထက်ပါ အက်ပလီကေးရှင်း store နှစ်ခုစလုံးက ဖယ်ရှားခဲ့ခြင်းဖြစ် သည်။

News

Apple သည် ရုရှားမှ လွဲ၍ RT နှင့် Sputnik အက်ပလီကေးရှင်းများကို ကမ္ဘာတဝန်းမှ ဖယ်ရှားပြီးနောက်တွင် အကြမ်းဖက်မြန်မာစစ်တပ်ပိုင် Mytelအက်ပလီကေးရှင်းကိုလည်း ဖယ်ရှားပေးရန် Burma Campaign UK က မတ်လ ၂ ရက်တွင် တောင်းဆိုထုတ်ပြန်ခြင်းဖြစ်သည်။

Facebook