Hi, what are you looking for?
ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ အထူးစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို စတင်ကျူးကျော် တိုက်ခိုက်စေခဲ့ပါတယ်။ ဒီစစ်ပွဲမှာ NATO မဟာမိတ်တွေဟာ ယူကရိန်းကို ငွေကြေး၊ စစ်လက်နက်တွေ အလုံးအရင်းနဲ့ ကူညီနေတာ ဖြစ်ပါတယ်။
နယ်စပ်နားမှာ ရုရှားစစ်သည် သိန်းဂဏန်းနီးပါး စုရုံးနေတဲ့ ကိစ္စဟာ ယူကရိန်း အစိုးရနဲ့ NATO မဟာမိတ်တွေကို အတော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့ပါတယ်။ ရုရှားကတော့ သူတို့ဟာ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ တုံ့ပြန်ထားပြီး ယူကရိန်းကသာ ရုရှားကို ရန်လာစနေတာလို့ စွပ်စွဲခဲ့ပါတယ်။