close
Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုမှာ စစ်တပ် လက်နက်ကြီးနဲပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး သေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

စက်တင်ဘာ ၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

KNU သထုံခရိုင် တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ် ပလိုခီး(ဇီးပြောင်း)ကျေးရွာ အုပ်စုအတွင်းကို စစ်တပ်က စက်တင်ဘာ ၂၂ရက်မှာ တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်ရဲ့ တပ်မ(၄၄) လက်အောက်ခံ ခမရ(၂၀၇)နဲ့ အမြောက်တပ်(၃၁၀) တပ်ရင်းတို့က အရပ်သား ပြည်သူနေထိုင်ရာတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီး ၁၂ လုံး ပစ်ခတ်ခဲ့ရာ ဇီးပြောင်းကျေးရွာ အုပ်စု ကညင်အိုင်ရွာအနီးဝန်းကျင်နဲ့ ဝက်ဝန်တောင်ကြိုးတိုင်း အတွင်း ပြည်သူလူထု လုပ်ငန်းခွင်နေရာတွေကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ရာဘာခြံလုပ်သား ၁ဦးဖြစ်တဲ့ အသက် ၄၅နှစ်အရွယ် အမျိုးသား ၁ဦးသေဆုံးခဲ့သလို အသက် ၅၂နှစ်အရွယ် အမျိုးသား ၁ဦး ကျည်စထိမှန်ဒဏ်ရာရခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောပါတယ်။

လက်နက်ကြီးကြောင့် သေဆုံးခဲ့တဲ့သူဟာ ဧရာ၀တီတိုင်းကနေ လာရောက်အလုပ်လုပ်ကိုင်သူဖြစ်တယ်လို့ဆိုပါတယ်။

စစ်တပ်ဟာ KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်အတွင်းက ကျေးရွာတွေ အပါအဝင် KNU အုပ်ချုပ်နယ်မြေအတွင်း အရပ်သား ပြည်သူနေထိုင်ရာနေရာတွေကို လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။

စက်တင်ဘာ ၁၉ရက် ညသန်းခေါင်ကလည်း KNU သထုံခရိုင် ဘီးလင်းမြို့နယ် ကြသောင်းဆိပ်ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်များစွာ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၄လုံးကြဲချခဲ့လို့ စာသင်ကျောင်းဆောင် ၃လုံး၊ ဝန်ထမ်းအိမ်ရာနဲ့ နေအိမ် ၃၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း KNUက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို စစ်တပ်ကလေကြောင်းကနေ ထပ်မံဗုံးကြဲနေတဲ့အပြင် ကသာမြို့မှာလည်း ဗုံးကြဲလို့ သီလရှင်တစ်ပါး ကွယ်လွန်ခဲ့ပါတယ်။

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

Facebook