close
Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့နယ် စစ်တပ် လေကြောင်းတိုက်မှု အဘွားအို ၂ဦး သေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

စက်တင်ဘာ၂၃-၂၀၂၆။ကတ်သရင်း/People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

စက်တင်ဘာ၂၂ရက် မနေ့ညနေပိုင်းမှာ စစ်တပ်က မန်လည်ကျေးရွာတွင်းကို Mi-35 ၂စီး၊ Gyrocopter ၂စီးနဲ့ ဗုံးကြဲခဲ့တာလို့ သိရပါတယ်။

ဗုံးကြဲခံရမှုကြောင့် အသက် ၇၅နှစ်အရွယ် ဒေါ်ခင်ဒေါင်းညို၊ဒေါ်သိန်းပိုင်တို့ ၂ဦး ဗုံးဆံထိမှန်သေဆုံးပြီး ဉီး အောင်ကို၊ဦးမင်းနဲ့ ဒေါ်ယဉ်မာစန်းတို့ ဒဏ်ရာတွေရခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“အရင်ကတော့ လက်နက်ကြီးနဲ့ ထုလိုက် ဝေဟင်နဲ့ လာကြဲလိုက်၊စစ်ကြောင်းထိုးပြီးရွာမီးနဲ့ရှို့လိုက်နဲ့။မနေ့ကညနေကစကြဲနေတာ။အခုပဲGyrocopterနဲ့လာချပြန်ပြီခင်ဗျ ။ဗုံးခိုကျင်းထဲကကို ဝင်လိုက်ထွက်လိုက်နဲ့ပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒဏ်ရာရသူတွေအနက် ပြင်းထန်သူတွေလည်းရှိပြီး စစ်တပ်က စစ်ရေးလှုပ်ရှားမှုမရှိဘဲ ဗုံးကြဲခဲ့တာလို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျေးရွာအတွင်းက နေအိမ် ၁၀လုံးခန့် ပျက်စီးခဲ့ပြီး ယနေ့အထိ Gyrocopterတွေ နဲ့ ပျံဝဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့တို့ကို ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး နောက်ထပ်လေယာဉ်ပျံသန်းမှုတွေရှိနေတာကြောင့် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးထားပါတယ်။

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

Facebook