close
Connect with us

Hi, what are you looking for?

သတင်း

ရွှေကူမှာ နယ်မြေဆုံးရှုံးမှုများလာတဲ့ စစ်တပ်က ရွာတွေကို လေကြောင်းတိုက်ခိုက်နေဟု KIA ပြော

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

(စစ်သင်္ဘောက ပစ်ခတ်လို့ ဧရာဝတီမြစ်ဘေးက ကျေးရွာ မီးလောင်နေတာကို စက်တင်ဘာလဆန်းပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - Lung Jung LA N)

စက်တင်ဘာ ၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

စက်တင်ဘာ ၁၉ရက်ည KIA ပြန်ကြားရေးဌာနရဲ့ ဖော်ပြချက်မှာ ရွှေကူမြို့မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေသလို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအချို့ သေဆုံးထိခိုက်မှု ရှိခဲ့တဲ့ အခြေအနေကို ဖော်ပြပြီး အထက်ပါအတိုင်း အသိပေးထားတာပါ။

KIA တပ်မဟာ(၁၁)၊ တပ်ရင်း(၁၂) နယ်မြေ ရွှေကူမြို့နယ်မှာ စက်တင်ဘာ ၁၇ရက်က ပြည်သူနေထိုင်ရာ ကျေးရွာတွေကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့ရာ အရပ်သား ၂ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၈ရက် ညပိုင်းကလည်း ရွှေကူမြို့နယ် မြို့ကုန်းရွာကို စစ်တပ်က လေယာဉ်ဗုံးကြဲခဲ့ရာ ပြည်သူ ၃ဦးသေဆုံးပြီး ၉ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို KIA ပူးပေါင်းတပ်က ဆေးကုသပေးနေတယ်လို့လည်း အသိပေးပါတယ်။

စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ပြည်သူ့နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရကြောင်းလည်း ဖော်ပြပါတယ်။

စစ်တပ်ဟာ ကချင်ပြည်နယ် ဗန်းမော်ကို ရေကြောင်းက စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းလာလို့ ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလအတွင်းမှာ ရွှေကူ-ဗန်းမော်ကြားမှာ မြေပြင်တိုက်ပွဲတွေအပြင် ရေကြောင်း တိုက်ပွဲတွေပါ ဖြစ်ပွားခဲ့တာပါ။

ဗန်းမော်မြို့ကို စစ်အင်အားဖြည့်ဖို့ လာတဲ့ စစ်သင်္ဘောတွေ အဆန်၊ အစုန်သင်္ဘောတွေကို KIAက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်အထိနာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သုံးပတ်တာအတွင်း KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီသင်္ဘော အစီး ၂၀ ခန့် ထိခိုက်နစ်မြုပ် မီးလောင်ပျက်စီးမှုတွေရှိခဲ့ကြောင်း KIA က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။