close
Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးကကျောင်းထိုင်ဆရာတော် တပါးကိုစစ်တပ်က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

(သဲအင်းရွာနဲ့ အနီးဝန်းကျင်ကို Google Map မှာ​တွေ့ရစဥ်)

စက်တင်ဘာ-၁၉၊၂၀၂၆။ရှိန်း/People’s Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

စက်တင်ဘာလ၁၆ ရက်နေ့က သဲအင်းရွာနဲ့ကျွန်းကြီးရွာတွေမှာတပ်စွဲထားတဲ့ စစ်တပ်က သဲအင်းရွာ၊ယွန်းကျောင်းဆရာတော်ကို ဖမ်းဆီးပြီး လူဝတ်လဲကာ နေပူလှန်း ဝိုင်းဝန်းရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။

“ဒလန်တွေကဘုန်းကြီးကခံယူချက်ရှိတယ်လို့တိုင်တယ်လို့ ပြောတာပဲ။ဒီကျောင်းမှာပဲ ဒီကောင်တွေ (စစ်တပ်)ဝင်ထွက် နေပြီး ဘုန်းကြီးကိုဖမ်း၊ချက်ချင်းလူဝတ်လဲပြီး နှိပ်စက်တာတဲ့။အခုသေပြီ ပြောတာပဲ”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျောင်းထိုင်ဆရာ တော်ဟာ သက်တော် ၄၀ ဝန်းကျင်ရှိပြီး ‌‌ ဒေသခံ တွေက ဥူးဇင်းတင့်လွင်လို့ ခေါ်ကြတယ်လို့ သိရပါတယ်။စစ်တပ်က ဆရာတော်ကိုဖမ်းဆီးသတ်ဖြတ်ခဲ့သလို နောက်ထပ် ဒေသခံ၅ဦးကိုလည်း ဖမ်းဆီးသွားပါတယ်။

အလားတူပဲ ကျွန်းကြီးရွာကစစ်တပ်ကလည်းဇီးကျွန်းရွာက ဒေသခံ၃ဦးကို ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။ဒီဖြစ်စဉ် တွေဖြစ်ပြီးတဲ့ နောက် ဒေသခံ တွေဟာရွာအတွင်း ‌‌‌မနေရဲ​တော့ဘဲ အများစုက ရှောင်တိမ်းနေထိုင် နေကြတယ်လို့ စုံစမ်းသိရပါတယ်။

စစ်အုပ်စုက ၂၀၂၅ခုနှစ်၊နှစ်ကုန်ပိုင်းမှာစဉ့်ကူးမြို့နယ်ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ‌‌‌‌‌‌ရေလမ်းကြောင်းအနီးကရွာတွေမှာ တပ်စွဲထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။