close
Connect with us

Hi, what are you looking for?

သတင်း

မူးမြစ်ရေတက်လာလို့ ဝက်လက်မှာ ကျေးရွာ ၁၅ ရွာနဲ့ စစ်ရှောင်တဲတွေ ဘေးလွတ်ရာပြောင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ မူးမြစ်ရေတက်လာလို့ ကျေးရွာ ၁၅ ရွာနဲ့ စစ်ရှောင်တဲတွေပါ ဘေးလွတ်ရာပြောင်းရွှေ့နေရကြောင်း ဝက်လက် ပကဖအဖွဲ့က ပြောပါတယ်။

(ဝက်လက်နယ်အတွင်း ရေဘေးသင့်ကျေးရွာများမှ ပြည်သူများအား တွေ့ရစဥ် ဓာတ်ပုံ-ဝက်လက်ပကဖ)

သြဂုတ် ၈၊ ၂၀၂၆။ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ မူးမြစ်ရေတက်လာလို့ ကျေးရွာ ၁၅ ရွာနဲ့ စစ်ရှောင်တဲတွေပါ ဘေးလွတ်ရာပြောင်းရွှေ့နေရကြောင်း ဝက်လက် ပကဖအဖွဲ့က ပြောပါတယ်။

ဒီကနေ့ သြဂုတ် ၈ ရက်မနက်မှာ ဝက်လက်မြို့နယ် အနောက်ခြမ်း၊ မူးမြစ်ကမ်းဘေးက စွယ်ကွေ့၊ မူးကြိုး၊ဥယျာဉ်သာ၊ တည်တော၊ သမရိုး၊ ကိုင်း၊ နဘဲလှ၊ ရွှေအိုးရ ၊မင်းကန်၊ သရက်ချို၊ ကျောက်ကုံး၊ ဥယျာဉ်သာ (မ)၊ မြင်းသီ၊ ကျောက်တိုင်နဲ့ မူးကမ်းလေ အစရှိတဲ့ ကျေးရွာ(၁၅)ရွာအတွင်း ရေတွေ ဝင်ရောက်လာလို့ ဒေသခံတွေ ရေဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း ဝက်လက်ပကဖအဖွဲ့က ပြောပါတယ်။

ဒါ့အပြင် ဝက်လက်မြို့နယ်ကို ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တဲတွေလည်း ရေဘေးသင့်တာကြောင့် ထပ်မံတိမ်းရှောင်နေရတယ်လို့ ဝက်လက်ပကဖအဖွဲ့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ စစ်ရှောင်စာရင်းကတော့ ပြုစုနေတုန်းပါ။ အကူအညီတွေကတော့ အများကြီးလိုအပ်နေပါတယ်”လို့ ဝက်လက်ပကဖအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ရွှေဘိုခရိုင်ကို ရေကြီးစေခဲ့တဲ့ သဖန်းဆိပ်ဆည်​ ရေအဝ​င်အနည်းငယ်လျော့နေပြီး ကင်းတပ်ဆည်​အောက်ဘက်က မူးမြစ်​ရေမှာ ​ရေများ​နေဆဲဖြစ်ကြောင်း၊ ကန့်ဘလူအ​နောက်ခြမ်း၊တန့်ဆည်အ​ရှေ့ခြမ်း၊​ရေဦးနယ်​တွေဘက် ၁ ​ပေခန့် ​ရေပြန့်ကျသွားကာ ​အောက်ဘက်ပိုင်း​ကမြို့နယ်တွေဘက် ​​ရေတိုး​​နေကြောင်း Infinity Group က အသိပေးပါတယ်။

တန့်ဆည်အ​ရှေ့ခြမ်းက ​ရေမြုပ်ဧရိယာ​တွေဘက် စား​သောက်​ရေးနဲ့ကယ်ဆယ်​ရေးကိစ္စများအတွက် ကိုယ်ထူကိုယ်ထ လုပ်​နေကြရဆဲဖြစ်ပြီး အလှူရှင်တွေ၊ ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေကြောင်း သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်ထဲကရွှေလှံရွာမှာ သဖန်းဆိပ်ဆည်ရေလွှတ်မှုကြောင့် မူးမြစ်ရေကြီးနေပြီး ဩဂုတ်လ ၇ ရက် မနက်ပိုင်းမှာ အမျိုးသားတစ်ဦး ရေစီးနဲ့မျောပါ ပြီး ပျောက်ဆုံးနေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ဆီကသိရပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဒေသခံတွေ ရေဘေးကြုံတွေ့နေစဉ်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့မှုတွေ၊ ပစ်ခတ်သတ်ဖြတ်မှုတွေကို ငါးနှစ်​ကျော်ကြာကြုံတွေ့ရင်ဆိုင်ခဲ့ရ၊ ရင်ဆိုင်နေရတဲ့ အညာဟာ အခုတခါမှာတော့ ရေဘေးကပါထပ်ဆင့်ရောက်ရှိလာခဲ့ပါတယ်။