close
Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်တိုက်ပွဲ စစ်တပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူပေး

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တိုက်ပွဲမှာ စစ်တပ်က လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတွေ အကြိမ်ပေါင်းများစွာ အသုံးပြု တိုက်ခိုက်နေဆဲဖြစ်ကြောင်း ဒေသခံက ပြောပါတယ်။

(စစ်တပ်က ဇွန်လ ၁၇ရက်မှာ မင်းတပ်မြို့ အရှေ့ခြမ်းတစ်နေရာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲနေစဉ်။ ဓာတ်ပုံ - Hkl-Mindat)

ဇွန် ၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တိုက်ပွဲမှာ စစ်တပ်က လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတွေ အကြိမ်ပေါင်းများစွာ အသုံးပြု တိုက်ခိုက်နေဆဲဖြစ်ကြောင်း ဒေသခံက ပြောပါတယ်။

မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ စစ်တပ်က ၂၀၂၆ မေလကုန်ပိုင်းမှာ ထိုးစစ်ဆင်ခဲ့ရာ ၁လခန့်အတွင်း တိုက်ပွဲတွေ တောက်လျှောက်ပြင်းထန်ခဲ့ပါတယ်။ စစ်တပ်ထိုးစစ်ကို ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)နဲ့ မဟာမိတ်တွေ ပူးပေါင်းခုခံနေတာဖြစ်ပါတယ်။

စစ်ရေးအခြေအနေသတင်းတွေ အသေးစိတ်ထုတ်ပြန်တာမရှိပေမယ့် မင်းတပ်နဲ့ ကန်ပက်လက်မြို့တိုက်ပွဲမှာ အာရက္ခတပ်တော်(AA)လည်း ပါဝင်တိုက်ခိုက်နေတယ်လို့ AAက ဇွန် ၂၇ရက်ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ မနေ့ည သန်းခေါင်ကျော်နဲ့ ဒီမနက်အစောမှာလည်း မင်းတပ်မြို့ကို လေကြောင်းက အကြိမ်ပေါင်းများစွာ ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။

မင်းတပ်အရှေ့ခြမ်း နေရာတွေကို ဒီမနက် ၆နာရီနဲ့ ၉နာရီ ဝန်းကျင်တွေမှာ Y-12 လေယာဉ်နဲ့ ဗုံးသီးအလုံးများစွာ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးပါတယ်။

မနက် ၆နာရီဝန်းကျင်မှာ Y12နဲ့ ၁၀ကြိမ် ဗုံးသီး အလုံး ၅၀ခန့် လေကြောင်း တိုက်ခိုက်ခဲ့သလို မနက် ၉နာရီဝန်းကျင်မှာ Y12နဲ့ ၆ကြိမ် ဗုံးအလုံး ၄၀ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးပါတယ်။

ဒီလို တိုက်ခိုက်ရာမှာ ၁ကြိမ်ကို ၉လုံးတွဲ၊ ၅လုံးတွဲ၊ ၄လုံးတွဲ စသဖြင့် ဗုံးသီးအလုံးများစွာ အသုံးပြု တိုက်ခိုက်တာလို့ ဆိုပါတယ်။မနေ့ည သန်းခေါင်ကျော် ဒီကနေ့မနက်အစောမှာလည်း မင်းတပ်မြို့ အရှေ့ခြမ်း တနေရာကို တိုက်လေယာဉ်နဲ့ ၄ ကြိမ် ဗုံး ၈လုံးအသုံးပြု တိုက်ခိုက်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

ဇွန်လ ၂၆ရက်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဇွန်လ ၂၇ရက်မှာ တိုက်ပွဲ အနည်းငယ်ငြိမ်နေတယ်လို့ မင်းတပ်ဒေသခံက ပြောပါတယ်။ မနေ့က တိုက်ပွဲ အနည်းငယ်ငြိမ်ပေမဲ့ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက် လုပ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

” ဒရုန်းဗုံးကြီး လက်နက်ကြီးက တနေ့ကို အနည်းဆုံး ၁၀ကြိမ်ကြားရ။ လက်နက်ကြီးက ကျောက်ထုက ပစ်တာ။ ဒရုန်းဗုံးက စစ်ကြောင်းကနေ တက်လာတာ” လို့ မင်းတပ်ဒေသခံက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကန်ပက်လက်မြို့ကိုလည်း ၂၀၂၆ မေလလယ်ကတည်းက ထိုးစစ်ဆင်နေတာပါ။

မင်းတပ်နဲ့ ကန်ပက်လက်မြို့ထိုးစစ်ကို အင်အားအလုံးအရင်းသုံးထိုးစစ်ဆင်နေပေမဲ့ စစ်တပ်ထိုးစစ်ကို ချင်းပူးပေါင်းတပ်က ခုခံထားနိုင်ဆဲဖြစ်ပါတယ်။

ချင်းတောင်ပိုင်းကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို ဂုဏ်ယူလေးစားကြောင်း ချင်းတပ် CPU/CPA ခေါင်းဆောင် ဆလိုင်းယောမာန်က ဒီရက်ပိုင်းမှာ ပြောကြားထားပြီး စစ်ကောင်စီတပ်တွေကို မောင်းထုတ်ဖို့ အတူရုန်းကြမယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရုရှားနိုင်ငံထုတ် Mi-17 ရဟတ်ယာဉ် ရပ်နေတုန်း နောက်ပိုင်းကို ဒရုန်းနဲ့တိုက်ခိုက်လိုက်တာကြောင့် အောက်ပိုင်းတွေပျက်စီးသွားတဲ့ ရဟတ်ယာဉ် စက်လုံးလုံးရပ်တန့်သွားချိန်မှာ ဦးခေါင်းပိုင်းကိုနောက်ထပ်ဒရုန်းတစ်စင်းက တိုက်ခိုက်လိုက်လို့ မီးလောင်ပေါက်ကွဲပြီးမီးခိုးလုံးထွက်လာပါတယ် ။ ဒရုန်း ၂ စင်းနဲ့ ထိထိမိမိ တိုက်ခိုက်ခံရတာမို့ စစ်သုံးသယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် အကြီးအကျယ်ထိခိုက်ပျက်စီးသွားပါတယ် ။

သတင်း

မကွေးတိုင်း၊ လောင်းရှည်မြို့နယ်ကို စစ်တပ်ဗုံးကြဲတာကြောင့် (၉)နှစ်အရွယ် ကလေးငယ် ၁ဦး အပါအ၀င် ၃ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း မြို့နယ် ၃ခု ထိစပ်နေရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေသလို စစ်သင်္ဘောတွေပေါ်ကနေ ပစ်ခတ်တာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ဆင်တွင်းကျေးရွာကို စစ်တပ်က လက်နက်ကြီး ပစ်ခတ်လို့ အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။