close
Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နှင်းဆီလူထုလှုပ်ရှားမှုမှာပါဝင်ကြဖို့ ဝန်ကြီးဒေါက်တာဇော်ဝေစိုး တိုက်တွန်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အမှတ်တရ လှုပ်ရှားမှုမှာ အားလုံးပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

Screenshot

ဇွန် ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အမှတ်တရ လှုပ်ရှားမှုမှာ အားလုံးပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

မနက်ဖြန် ဇွန် ၁၉ရက်မှာ ကျရောက်မယ့် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ လှုပ်ရှားမှုမှာ လူထုတွေ ပါဝင်ဖို့ ဝန်ကြီးက နှိုးဆော်ရင်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဆက်လက်တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ဖို့ ဝန်ကြီးက ပြောကြားထားသလို ဦးဝင်းမြင့်သည်သာ နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည်သာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဦးကျော်မိုးထွန်းသည်သာ မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ သံအမတ်ကြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စု လုပ်ဆောင်နေတဲ့ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း နဲ့ ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်နေတာ ချက်ချင်းရပ်ဖို့၊ အဓမ္မ စစ်သားစုဆောင်းတဲ့ အဓမ္မ စစ်မှုထမ်းဥပဒေကို ချက်ချင်းဖျက်ဖို့လည်း ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားခဲ့ပါတယ်။

မနက်ဖြန် ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့အတွက် ပြည်သူလူထုတွေက မွေးနေ့အကြိုလှုပ်ရှားမှုတွေကို ပြည်တွင်း ပြည်ပမှာ ပုံစံမျိုးစုံနဲ့ ကျင်းပပြုလုပ်နေကြတာကိုလည်း တွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အမှတ်တရ နှင်းဆီလှုပ်ရှားမှုကို စစ်တပ်ဘက်က မတရားဖမ်းဆီး အရေးယူမှုတွေလုပ်ဖို့ ပြင်ဆင်နေတာကြောင့် လုံခြုံရေး သတိပြုကြဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိုနှိုင်းရေး အင်အားစု (GSCB) ကအသိပေးထားပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။သတိုး/People’s Spring လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အမှတ်တရ နှင်းဆီလှုပ်ရှားမှု အနေနဲ့ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ တော်လှန်လူငယ်တွေ စုပေါင်းပြီး အားကစား ပြိုင်ပွဲတွေ ကမ်ပိန်းဓါတ်ပုံရိုက်ကူးတာတွေပြုလုပ်ခဲ့ပါတယ်။ တော်လှန်လူငယ်တွေက ဘောလုံးပြိုင်ပွဲ၊ ထုတ်စီးတိုးပြိုင်ပွဲနဲ့ အခြား အားကစားပြိုင်ပွဲတွေပြုလုပ်ခဲ့ပြီး Free Aung...

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် (၈+၁)=၉ (၉) ရွာ (၉)မိုင် ချီတက်လမ်းလျှောက်တဲ့ လှုပ်ရှားမှု ဒီကနေ့ (ဇွန် ၁၈) ပြုလုပ်ခဲ့ပါတယ်။