close
Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် (၈၁)နှစ်ပြည့်မွေးနေ့အဖြစ် ယင်းမာပင်ဒေသခံတွေ (၉)ရွာ (၉) မိုင် လမ်းလျှောက်လှုပ်ရှားမှုပြုလုပ်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် (၈+၁)=၉ (၉) ရွာ (၉)မိုင် ချီတက်လမ်းလျှောက်တဲ့ လှုပ်ရှားမှု ဒီကနေ့ (ဇွန် ၁၈) ပြုလုပ်ခဲ့ပါတယ်။

ဇွန်-၁၈၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် (၈+၁)=၉ (၉) ရွာ (၉)မိုင် ချီတက်လမ်းလျှောက်တဲ့ လှုပ်ရှားမှု ဒီကနေ့ (ဇွန် ၁၈) ပြုလုပ်ခဲ့ပါတယ်။

ဒေသခံတော်လှန်ပြည်သူတွေက နှင်းဆီပန်းတွေ ကိုင်ဆောင်ပြီး “လူထုခေါင်းဆောင် ကျန်းမာပါစေ” ၊ “စစ်အာရှင်စနစ် ကျဆုံးပါစေ” ၊ “အရေးတော်ပုံ မုချအောင်ရမည်” ၊ “တော်လှန်ရေးရဲ့အဆုံးအဖြတ်ဟာ လူထုမှတပါး အခြားမရှိ” စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်လမ်းလျှောက်ခဲ့ပါတယ်။

လာမယ့် ဇွန်လ ၁၉ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့မှာ “နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)” ကို ပြည်လုံးကျွတ် လှုပ်ရှားကြဖို့လည်း လက်ကမ်းစာစောင်ဖြန့်ဝေကာ နှိုးဆော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံရေး စစ်မျက်နှာ လူထုဘက်က အသာစီးရရေးအတွက် လမ်းလျှောက်ချီတက် လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ရွာပေါင်းစုံသပိတ်ကော်မတီက ဆိုပါတယ်။

ဒါ့အပြင် ပြည်သူလူထုအနေနဲ့ နိုင်ငံလုံးအဆင့် နှင်းဆီလှုပ်ရှားမှုကြီးကို ပူးပေါင်းပါဝင်ကြရင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ပေးကြဖို့ကိုလည်း ရွာပေါင်းစုံသပိတ်ကော်မတီက တိုက်တွန်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီစာက မွေးနေ့ရှင်အတွက် ရေးတဲ့စာပါ။ အခြားမွေးနေ့တွေထက် ဒီနှစ်မွေးနေ့က ထူးခြားတဲ့မွေးနေ့အခါမို့ ရေးဖြစ်တာဆိုရင်လည်း မမှားပါဘူး။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရပြုလုပ်တဲ့ နှင်းဆီလှုပ်ရှားမှုကို ပြည်ပနိုင်ငံ ၆ နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့အ‌ကြောင်း People Movement Platform - Myanmar က စုစည်းဖော်ပြထားပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။