close
Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဥ်းတွေအားလုံး အမြန်ဆုံးလွတ်မြောက်ဖို့ သြစတြေးလျရောက်မြန်မာတွေ တောင်းဆိုဆန္ဒပြ

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်ဖို့ တောင်းဆိုဆန္ဒပြမှု ဇွန်လ ၇ ရက်က ပြုလုပ်ခဲ့ပါတယ်။

ဇွန်-၈၊၂၀၂၆။သုည/People’s Spring

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်ဖို့ တောင်းဆိုဆန္ဒပြမှု ဇွန်လ ၇ ရက်က ပြုလုပ်ခဲ့ပါတယ်။

သြစတြေးလျရောက် မြန်မာတွေက “Proof of Life” ၊ “အမေစု ကျန်းမာပါစေ” ၊ “အမေစုနဲ့တကွ နိုင်ငံရေးအကျဥ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်ပါစေ” စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက်မွေးနေ့အတွက် “81 for 81 Challenge” အဖြစ် (၈.၁) ကီလိုမီတာပြေးခြင်း၊ လမ်းလျှောက်ခြင်း တို့ကို ပြုလုပ်ခဲ့ပြီး ဆရာမ မသီတာ(စမ်းချောင်း)နဲ့ ဒေါက်တာမြင့်မိုရ်ဦး တို့လည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

“81 for 81 Challenge” ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုရင်း သူမရဲ့ အခြေအနေကို နိုင်ငံတကာအသိုင်းအဝိုင်းက ဆက်လက် အာရုံစိုက်နေစေဖို့ ရည်ရွယ်တဲ့ Global Proof of Life Challenge ရဲ့ အစိတ်အပိုင်းတခု ဖြစ်ကြောင်း သြစ​​တြေးလျရောက် မြန်မာတွေက ဆိုပါတယ်။

https://www.facebook.com/reel/1641388656922586

ရုပ်သံ – Proof of Life for Amay Su- Sydney

ဆက်စပ်သတင်းများ

သတင်း

တော်လှန်အနုပညာရှင် သုံးဦး ခေါင်းဆောင် ပါဝင်ထားတဲ့ Ray ရုပ်ရှင်ကို ဇွန် ၂၇ ရက် ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပထမဆုံးပြသသွားမှာဖြစ်ပါတယ်။

သတင်း

ဇွန်-၇၊၂၀၂၆။သုည/People’s Spring ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာ့ဒီမိုကရေစီအရေး လိုလားသူတွေက နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်(၈၁)နှစ်မြောက်မွေးနေ့အထိမ်းအမှတ်(၈.၁)မိုင်လမ်းလျှောက်လှုပ်ရှားမှုအဖြစ် ဇွန်လ ၆ရက်က ပြုလုပ်ခဲ့ပါတယ်။ အဲဒီလမ်းလျှောက်လှုပ်ရှားမှုကို Stars of Myanmar Friendship အဖွဲ့ဝင်တွေကလုပ်ခဲ့တာ ဖြစ်ပြီး လန်ဒန်မြို့ရှိ သိမ်းမြစ်ကို ပတ်ကာ (၈.၁) မိုင်လမ်းလျှောက်ခဲ့တာ ဖြစ်ပါတယ်။...

သတင်း

သြစ​တြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်တပ်ရဲ့ ဖမ်းဆီးခြင်း ခံထားရတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ အသက် (၈၁) နှစ်မြောက် မွေးနေ့ဆုတောင်းပွဲကို မနေ့(ဇွန်လ ၆)က ပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရ Global Proof Of Life Challenge အနေနဲ့ ၁ရက်အတွင်းမှာ ၈၁ ကီလိုမီတာ ပြေးမယ်လို့ ဩစတေးလျနိုင်ငံမှာနေထိုင်တဲ့ ရုပ်ရှင်မင်းသား ကျော်သူရဲ့ သမီးဖြစ်သူ ဒေါက်တာ မြင့်မိုရ်ဦးက ပြောပါတယ်။