close
Connect with us

Hi, what are you looking for?

သတင်း

ဆောမြို့ပေါ်ရောက်စစ်တပ်စစ်ကြောင်းကအမျိုးသမီးတွေကိုပစ်မှတ်ထားအကြမ်းဖက်ဖို့ကြိုးစားနေ

ဆောမြို့နယ်အတွင်းရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းက ​ဒေသခံအမျိုးသမီးတွေကိုပစ်မှတ်ထားပြီး ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုတွေ ကျူးလွန်ဖို့ကြိုးစားနေတယ်လို့ တော်လှန်‌ ရေးတပ်ဖွဲ့တွေကပြောပါတယ်။

စစ်တပ်စစ်​ကြောင်း​တစ်ခုကို​တွေ့ရစဥ် (ပုံအ​​ဟောင်းဖြစ်ပါတယ်)

ဇွန်-၂၊၂၀၂၆။ဇော်ရမ်း/People’s Spring

ဆောမြို့နယ်အတွင်းရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းက ​ဒေသခံအမျိုးသမီးတွေကိုပစ်မှတ်ထားပြီး ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုတွေ ကျူးလွန်ဖို့ကြိုးစားနေတယ်လို့ တော်လှန်‌ ရေးတပ်ဖွဲ့တွေကပြောပါတယ်။

မကွေးတိုင်းယောဒေသဖြစ်တဲ့ဆောမြို့နယ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ထောင်ကျော်ရှိနေပြီး မြို့‌ပေါ်ရပ်ကွက်တွေကိုပါ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

ဇွန်လ၁ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာမြို့ပေါ်မှာနေတဲ့ သားအမိနှစ်ဦးကို အဓမ္မပြုကျင့်ဖို့ကြိုးပမ်းမှုဖြစ်ပွားခဲ့တယ်လို့ ဂန့်ဂေါခရိုင် ပြည်သူကာကွယ်ရေးတပ်ရင်းက တာဝန်ရှိသူတစ်ဦးက အသိပေးထားပါတယ်။စစ်ကြောင်းထိုးရာ လမ်းပိုင်းအတွင်းရှိ နေအိမ်များမှာ ချိတ်ဆွဲ ထားတဲ့ အမျိုးသမီး‌တွေရဲ့ဓာတ်ပုံတွေပေါ်မှာလည်း မဖွယ်မရာတွေ လုပ်သွားခဲ့တယ်လို့ ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

“စကားနဲ့တောင်ပြောဖို့ခက်ခက် လုပ်ရပ်တွေလုပ်နေတာ။အခုရောက်နေတဲ့စစ်ကြောင်းတွေနဲ့ ထိပ်တိုက်တိုးလို့ကိုလုံးဝမဖြစ်နိုင်ဘူး။တော်တော်အန္တရာယ်ကြီးတဲ့ အခြေအနေဖြစ်တယ်”လို့ယောဒေသခံအမျိုးသမီးတဦးကပြောပါတယ်။

ဆောမြို့နယ်အတွင်းမှာ စစ်တပ်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်နေပြီး ထိခိုက်ကျဆုံးမှုတွေလည်းရှိနေတယ်လို့တော်လှန်​ရေးတပ်​တွေ​ပြောပါတယ်။

စစ်တပ်က ယောဒေသမှာ စစ်အင်အားတွေတိုးချဲ့ထားသလို ယောဒေသကနေတဆင့် ချင်ပြည်နယ်ကိုစစ်ကြောင်းထိုးဖို့ ကြိုးစားနေပါတယ်။ဆော -ကန်ပက်လက်လမ်း နဲ့ ကျောက်ထု -မင်းတပ်လမ်းကနေ စစ်ကြောင်းနှစ် ကြောင်းနဲ့ထိုးဖို့ကြိုးပမ်းနေပြီး တိုက်ပွဲတွေလည်းဆက်တိုက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။

ယောဒေသ နဲ့ ချင်းပြည်နယ်ကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲနေပြီး လက်ရှိစစ်ရေးအခြေအနေတွေကြောင့် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့နယ်တွေကို စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်းအင်အားတွေအများအပြားသုံးပြီး စစ်ကြောင်းထိုးဖို့ကြိုးစားနေတာဖြစ်ပါတယ်။ အဲဒီစစ်ကြောင်းတွေက အရပ်သားပြည်သူတွေကိုဖမ်းဆီးသတ်ဖြတ်တာ၊နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာနဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေ ကျူးလွန်နေပါတယ်။

တစ်ဖက်မှာလည်း စစ်တပ်စစ်​ကြောင်း​တွေကို​တော်လှန်​ရေးတပ်ဖွဲ့​တွေက​ဖြတ်​တောက်တိုက်ခိုက်တာ၊​ပြောက်ကျားနည်းနဲ့တိုက်ခိုက်တာ​တွေ​ကြောင့်စစ်တပ်က​သေဆုံးထိခိုက်မှုများ​နေပါတယ်။​သေဆုံးသူအများစုဟာ စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်​​တွေဖြစ်တာ​ကြောင့်​​တော်လှန်​ရေးတပ်​တွေကပြည်သူ​တွေစစ်သားသစ်စု​ဆောင်းမခံရ​အောင်၊ ​ပေါ်တာဆွဲမခံ ဂရုပြုပြီး ပါးပါးနပ်နပ်​နေထိုင်ကြဖို့ ​တော်လှန်​ရေးတပ်​တွေက တိုက်တွန်း​နေကြပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တံတား‌ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးပူး ပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်တပ်က ၁၀ဦးထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းတပ် တွေက ထုတ်ပြန်ထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့တပ်ဖွဲ့တွေက အရပ်သား ပြည်သူတွေရဲ့နေအိမ်တွေကို သုံးရက်ဆက်တိုက် မီးရှို့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုဒေသ ပုဂံရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ မြစ်ခြေမြို့ထဲကိုမေလဒုတိယပတ်ကစတင်ပြီးအာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့်ဒေသခံသောင်းဂဏန်းထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေးကူညီနေသူအချို့ထံကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်က ၂ရက်ဆက် စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၈ ရွာထက်မနည်း တိမ်းရှောင်နေရပါတယ်။