close
Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ သက်ကြီးရွယ်အိုတစ်ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ သက်ကြီးရွယ်အိုတစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာ ရရှိတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

(လက်နက်ကြီးကျခဲ့သည့် ရှမ်းထူးရွာကို စစ်တပ်က ၂၀၂၃ ဇွန်လမှာ မီးရှို့ဖျက်ဆီးခဲ့စဉ်။ ဓါတ်ပုံ Chaung U Revolution)

မေ ၁၃၊ ၂၀၂၆ ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ သက်ကြီးရွယ်အိုတစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာ ရရှိတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

မနေ့က မေလ ၁၂ ရက် ညနေ ၄ နာရီခန့်က ချောင်းဦးမြို့ပေါ်က စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်လို့ ရှမ်းထူးကျေးရွာအတွင်း လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲကာ လူထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ တစ်ယောက်သေတယ်။ ၂ ယောက်က ဆေးရုံမယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူဟာ အသက် ၈၀ ခန့်အရွယ် အမျိုးသမီးကြီးတစ်ဦးဖြစ်ပြီး ဒဏ်ရာရသူမှာ အသက် ၃၀ အရွယ် လင်မယားနှစ်ဦးဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် လူနေအိမ် ၂ လုံးပါ ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ရှမ်းထူးရွာဟာ ပြီးခဲ့တဲ့မတ်လအတွင်းကလည်း စစ်တပ်ရဲ့မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီးခဲ့ပါသေးတယ်။ ဒါ့အပြင် လက်နက်ကြီးကျလို့ လူထိခိုက်သေဆုံးမှုတွေလည်း မကြာခဏ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

မေလ ၉ ရက်ကလည်း ချောင်းဦးနဲ့နယ်မြေချင်းထိဆက်နေတဲ့ မုံရွာမြို့နယ်မှာ အမြောက်တပ်ကနေလက်နက်ကြီး ၃ ကြိမ်ပစ်ခတ်တိုက်ခိုက်လို့ ဘူးတောင့်ကန်ကျေးရွာ လက်နက်ကြီးကျပြီး (၅)နှစ်အရွယ်ကလေးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးကာ သက်ကြီးရွယ်အိုတွေအပါအဝင် ပြည်သူ ၇ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ဘက်ကို အာဏာသိမ်းစစ်တပ်ဘက်က စစ်အင်အားတွေဖြည့်တင်းနေသလို ပြည်နယ်နေရာအများအပြားကို စစ်ကြောင်းထိုးနေလို့ စစ်ရေးတင်းမာနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့လို့ စစ်သုံ့ပန်းတွေ အပါအဝင် ၄ဦးသေဆုံးခဲ့ပြီး နေအိမ်အဆောက်အအုံ ပျက်စီးမှုတွေရှိခဲ့ကြောင်း ချင်းတောင်ပိုင်းတပ်ဖွဲ့ဖြစ်တဲ့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဆီယံက အာဏာသိမ်းစစ်တပ်ကို တာဝန်ခံမှုရှိစေမယ့် ခိုင်မာတဲ့ ယန္တရားများ ချမှတ်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်တိုက်တွန်းပါတယ်။

သတင်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ရက် ၁၀၀အတွင်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်နေတဲ့ စစ်တပ်က တစ်ဖက်မှာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေကို စစ်အင်အား ရာကျော် ဖြည့်တင်းပြီး စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။