close
Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့နယ်က ရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေ

မကွေးတိုင်း၊စလင်းမြို့နယ်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေရာ ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေပါ မီးရှို့သတ်ဖြတ်နေတယ်လို့ စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ရှိသူ က ပြောပါတယ်။

(စလင်းမြို့နယ်က ကျေးရွာတွေကို စစ်တပ်ကစစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - Screengrab)

မေ -၄၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊စလင်းမြို့နယ်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေရာ ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေပါ မီးရှို့သတ်ဖြတ်နေတယ်လို့ စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ရှိသူ က ပြောပါတယ်။

ဒီကနေ့(မေလ ၄ ရက်)မှာ စလင်းမြို့နယ်က ပျိုးခင်းကုန်းကျေးရွာအုပ်စုပျိုးခင်းကုန်းကျေးရွာနဲ့ စဉ့်တုကန် ကျေးရွာတွေကို စစ်တပ်က တိုက်ပွဲဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးရှို့ဖျက်ဆီးရာ ရွာလုံးကျွတ် မီးလောင်ပြာကျခဲ့တယ်လို့ ဆိုပါတယ်။

“ ခန့်မှန်းအိမ်ခြေစာရင်းပျိုးခင်းကုန်း ၁၂၀၊ စဉ့်တုကန် ၁၅၀ ခန့်ရှိပါတယ်။အခုလက်ရှိ ညပိုင်းအထိ လောင်ကျွမ်းနေဆဲပါ” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မေလ၁ ရက်ကတည်းက စလင်း-ဆင်ဖြူကျွန်း လမ်းပိုင်းနဲ့ စလင်းမြို့ အရှေ့ဘက်ခြမ်းက ကျေးရွာ ၅ရွာမီးရှို့ခံခဲ့ရပြီး သေဆုံးသူ ဒေသခံပြည်သူ ၃ဦးထက်မနည်းရှိတယ်လို့ အသိပေးပါတယ်။

“ မပြေးနိုင်လို့ ရွာထဲကျန်ခဲ့တဲ့ ထနောင်းကုန်းက သက်ကြီးရွယ်အိုနှစ်ဦးကို မီးထဲ ထည့်ရှို့သတ်ဖြတ်ခဲ့တယ်။နောက်တစ်ဦးက အမျိုးသားအသက် ၄၀ ဝန်းကျင်။သူ့ကိုက ပစ်သတ်ပြီးမီးထဲ ထည့်တာ” လို့ စစ်တပ်စစ်ကြောင်းသတ်ဖြတ်မှုတွေကို မှတ်တမ်းယူနေတဲ့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

အရပ်သားပြည်သူတွေ သတ်ဖြတ်မှုနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတာဟာ စစ်တပ်ရဲ့ ခလရ (၂၅၃၊၂၅၄ နဲ့ ၂၅၅)တပ်ရင်းတွေလို့ သူက ဆိုပါတယ်။

ဧပြီ ၃၀ ရက်ကလည်း စလင်းမြို့ကနေ စစ်ကြောင်းထိုးခဲ့စစ်တပ်က ကိုရင်တစ်ပါးနဲ့ ပြည်သူ ၉ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့လည်း ပြည်သူ့ညီနောင်-စလင်းက မေလ ၂ရက်မှာ ထုတ်ပြန်ထားပါတယ်။

“ သူတို့(စစ်တပ်) လက်လှမ်းမမီတဲ့ စလင်းနဲ့ ဆင်ဖြူကျွန်းလမ်းပိုင်းဘေးက ရွာတွေကို ဝင်တာ။အရင်ကလည်း ဝင်ဖူးတယ်။အခုက မီးလောင်ဗုံး၊ဒရုန်းတွေ တော်တော်သုံးတယ်” လို့ စလင်းမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် စစ်တပ်စစ်ကြောင်းတွေနဲ့ တော်လှန်ရေးအဖွဲ့တွေ ထိတွေ့မှုရှိခဲ့ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိတယ်လို့လည်း သိရပါတယ်။

မြို့နယ်ပအဖရဲ့ စာရင်းအရ စစ်တပ်စစ်ကြောင်းထိုးဝင်ရောက်မီးရှို့ဖျက်ဆီးမှုတွေကြောင့် ကျေးရွာ ၁၅ရွာက ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ ဘေးလွတ်ရာတိမ်းရှောင်နေရပါတယ်။

စလင်းမြို့နယ်က စလင်း၊တညောင်၊ဆင်ဖြူကျွန်း စတဲ့မြို့ပေါ် နေရာ အများစုကိုသာ အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားနိုင်တာဖြစ်ပြီး ကျန်ဒေသတွေကို တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားပါတယ်။

ဒါ့အပြင် အခု ၂၀၂၆နှစ်ဆန်းပိုင်က စလင်း၊ဆင်ဖြူကျွန်းမြို့ပေါ် နေရာတွေက စစ်တပ်တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်းခဲ့တာ ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်နဲ့နီးကပ်စွာ မနေဖို့၊ စစ်တပ်လက်နက်ခဲယမ်းရိက္ခာတွေ သယ်မပေးဖို့ ရွှေကူ KPDF သတိပေး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ်နဲ့ တပ်မဟာ(၄)နယ်မြေ မြိတ်ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်လက်ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူတွေထိခိုက်ဒဏ်ရာရတာ၊ နေအိမ်တွေပျက်စီးတာထပ်မံ ဖြစ်ပေါ်ခဲ့ရကြောင်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က အင်အား ၆၀၀ခန့်နဲ့ မကွေးတိုင်း၊ ကျောက်ထုမြို့ဆီကို စစ်ကြောင်းထိုးလာမယ်လို့ ထွက်ပြေးအလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား နှစ်ဦးက ပြောပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။

Facebook