close
Connect with us

Hi, what are you looking for?

သတင်း

လေးမျက်နှာတွင် တိုက်ပွဲဖြစ် ၊ ဧရာဝတီတိုင်း စစ်ဧရိယာကျယ်ပြန့်လာ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း ပုသိမ်၊မုံရွာလမ်းဘေးရှိ ကျေးရွာချို့တွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက ဒေသတွင်းဆက်စပ်မြို့နယ်များတွင် စစ်ဆေးမှုများကိုတင်းကြပ်ထားသည်။

လေးမျက်နှာ မြို့နယ် နှင့် ဧရာဝတီတိုင်းမှ မြို့နယ်များကို Google Map တွင်​တွေ့ရပုံ

ကဖေး/People’s Spring

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း ပုသိမ်၊မုံရွာလမ်းဘေးရှိ ကျေးရွာချို့တွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက ဒေသတွင်းဆက်စပ်မြို့နယ်များတွင် စစ်ဆေးမှုများကိုတင်းကြပ်ထားသည်။

” ရေကြည်ဘက်ကနေ ပိတ်တယ်။ ဟင်္သာတဘက်ကနေ ဝင်တဲ့လမ်းတွေလည်း အရမ်းစစ်ဆေးနေတယ်။ တိုက်ပွဲက ညက စဖြစ်တာ။ PDF တွေ ဝင်လာတယ်ဆိုပြီး စစ်တပ်ဖက်က စပြီး စစ်ကြောင်းထိုးတာကနေဖြစ်တာ” ဟု လေးမျက်နှာမြို့ခံတစ်ဦးကပြောသည်။

ပုသိမ်၊မုံရွာလမ်းဘေးရှိစက်စက်ယိုရွာနှင့်ချင်းလယ်ရွာပတ်ဝန်းကျင်ရှိ ရိုးမတောတွင်းနေရာအချို့၌ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်​ကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

လေးမျက်နှာမြို့နယ်သည် ဟင်္သာတခရိုင်အတွင်းပါဝင်သည် ။ ထို့အပြင် ရေကြည်မြို့နယ်၊ မြောက်စမ်းရွာရှိ စစ်ကောင်စီအမြောက်တပ်အမတ(၃၄၄)နှင့်လည်း ဒေသချင်းဆက်စပ်နေသည်။

“ချင်းလယ်ရွာကိုဝင်ပြီးဒေသခံတွေကိုအပြင်ထုတ်ခွင့်မပေးဘဲ စစ်ဆေးနေတာရှိတယ်။ဖုန်းတွေလည်းသိမ်းထားတယ်။အထူးသဖြင့်ဒေသခံတွေကို မဲမယ့်အနေအထားရှိတယ်”ဟုPDFများနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ရေကြည်မြို့နယ်တွင်းရှိရေနံသာလမ်းဆုံ၊ စက်စက်ယိုလမ်းဆုံတို့ကို စစ်ကောင်စီက မတ် ၁၇ ရက်မနက်ပိုင်းတွင် ပိတ်ခဲ့ပြီး​နောက် ရေနံသာလမ်းဆုံကို ပြန်ဖွင့်ပေးသော်လည်း စက်စက်ယိုလမ်းဆုံအားဆက်လက်ပိတ်ထားသည်။ထို့ကြောင့်ဒေသခံပြည်သူများ သတိထားသွားလာကြရန် ရေကြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမတ်လ ၁၇ရက်တွင် ထုတ်ပြန်ထားသည်။

အမတ(၃၄၄)ကိုလည်း စစ်ကောင်စီက အင်အားထပ်မံဖြည့်တင်းနေပြီးဘန်ကာအသစ်များတူးနေကြောင်း သတင်းရရှိသည်။အမတ(၃၄၄)သည် လက်ရှိတိုက်ပွဲများဖြစ်နေသော သာပေါင်းမြို့နယ်ဘက်သို့ ပစ်ကူပေးနေသည့်အ​မြောက်တပ်ရင်းဖြစ်သည်။အဆိုပါနေရာကို AA ကပစ်မှတ်ထားတိုက်ခိုက်သိမ်းယူနိုင်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ထားသည်။

ဧရာဝတီတိုင်းတွင်ပြီးခဲ့သည့် ဇန်နဝါရီလက ရွှေသောင်ယံမြို့နယ်၊ သာပေါင်းမြို့နယ်၊ ရေကြည်မြို့နယ်တို့မှ ရခိုင်ရိုးမ နှင့် ဆက်စပ်နေရာများတွင် တိုက်ပွဲများပြင်းထန်ခဲ့သည်။ အဆိုပါတိုက်ပွဲများတွင် စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းခံရသူများကို စစ်ကောင်စီကအသုံးပြုခဲ့ပြီး သေဆုံးဒဏ်ရာရသူ ၊ထွက်​ပြေးသူများပြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)​၏ ဧရာဝတီတိုင်းမှ မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့ တာဝန်ခံ ကိုချစ်ကိုသည် စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်ရင်း ယခုရက်ပိုင်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည်။

သတင်း

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့တွင် လမ်းသွားလမ်းလာလူငယ်တစ်ဦးအား စစ်ကောင်စီ၏ ရဲတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ပြီး မိသားစုအား ရုပ်အလောင်းလာထုတ်ခိုင်းသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

သတင်း

ရခိုင်ပြည်နယ် နှင့် ဧရာ၀တီတိုင်းနယ်စပ်သာပေါင်းမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေ၍ သစ်ထုတ်လုပ်ရေးဆင်များကို စစ်​ကောင်စီလက်​အောက်ခံ သစ်​တောဝန်ထမ်းများကနေရာပြောင်းရွှေ့​ပေး​နေသည်။

သတင်း

ဧရာဝတီတိုင်း၊သာပေါင်းမြို့နယ်တွင် အာရက္ခတပ်တော်(AA) ဦး​ဆောင်​သောပူးပေါင်းတပ်နှင့်စစ်ကောင်စီတပ် တိုက်ပွဲတကျော့ပြန် ပြင်းထန်နေကြောင်း​ဒေသခံနှင့် စစ်​ရေးသတင်းရင်းမြစ်များက​ပြောသည်။

Facebook