Connect with us
close

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

“​ဘောလခဲသို့ နာရီပိုင်းခရီးကို လချီ​ ချီတက်​နေရတဲ့ စစ်တပ်ယာဥ်တန်း”

စစ်​ကောင်စီတပ်၏ ​ခြေမြန်တပ်ရင်း(ခမရ) ၃၃၇ ၊ ခမရ ၄၃၀၊ ခမရ ၄၂၉ အစရှိသော ခြေမြန် တပ်ရင်း (၃) ရင်း၊အပြင် ဆေးတပ်၊ ထောက်ပို့တပ်၊ မဟာဗျူဟာတပ်နှင့် နယ်ခြားစောင့်တပ်အချို့ရှိ​သော စစ်တပ်အမာခံမြို့ဖြစ်သည်။

ကရင်နီပူး​ပေါင်းတပ်ဖွဲ့ဝင်များ
ကရင်နီပူး​ပေါင်းတပ်ဖွဲ့ဝင်များ

ကရင်နီ(ကယား)ပြည်နယ်တွင် မယ်စဲ့မြို့ကို လက်လွှတ်ဆုံးရှူံးခဲ့ပြီး​နောက် စစ်​ကောင်စီအာရုံအထူးစိုက်လာ​သောမြို့တစ်မြို့ရှိလာသည်။

စစ်​ကောင်စီတပ်သည် ဇွန်လ ဒုတိယပါတ်တွင်ဆုံးရှုံးသွား​​သောမယ်စဲ့ မြို့ကိုပြန်ရ​ရေး ကုန်း​ကြောင်း၊​လေ​ကြောင်းမှ အပြင်းအထန်တိုက်ခိုက်​သော်လည်း ရည်ရွယ်ချက်မ​အောင်မြင်သောအခါ ​စစ်တပ်အထူးအာရုံစိုက်ရာမြို့မှာ ​ဘော်လခဲမြို့ဖြစ်လာ​တော့သည်။ ထို​ကြောင့် သြဂုတ်လဆန်းတွင် ဘောလခဲမြို့သို့ စစ်ကူအများအပြားပို့ရန် လွိုင်ကော်မှတဆင့် ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စု လမ်းမကြီးအတိုင်းကားအစီး​ရေ ၁၀၀ ကျော်ပါ စစ်ကောင်စီယာဥ်တန်းဖြင့် ​စေလွှတ်ရာ နှစ်လ နီးပါးကြာလာသည့်တိုင် ယာဥ်တန်းမှာ ​ဘောလခဲမြို့မ​ရောက်​သေးဘဲ ဖရူဆို မြို့တွင်သာရှိ​နေ ​သေးသည်။

လွိုင်​ကော်နှင့် ​ဘော်လခဲ သည် မိုင် ၅၀ ​ကျော်သာကွာ​ဝေးပြီး စစ်တပ်အာဏာမသိမ်းခင်က ကားဖြင့်နာရီပိုင်းဖြင့်သွားနိုင်​ခဲ့သည်။ သို့​သော် စစ်တပ်၏ ယာဥ်တန်းမှာ လွိုင်​ကော်မှထွက်လာသည်မှာ နှစ်လနီးပါးကြာသည့်တိုင် ခရီးတစ်ဝက်ပင်မ​ရောက်​သေးခြင်းဖြစ်သည်။

ဘောလခဲမြို့သည် စစ်ကောင်စီတပ်ရင်းများစွာအခြေစိုက်ထားပြီး မြို့​နေ လူဦးရေတစ်ဝက်ခန့်သည် စစ်တပ်နှင့် စစ်မှု ထမ်းဟောင်းမိသားစုများဖြစ်သည်။

စစ်တပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ
စစ်တပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ

စစ်​ကောင်စီတပ်၏ ​ခြေမြန်တပ်ရင်း(ခမရ) ၃၃၇ ၊ ခမရ ၄၃၀၊ ခမရ ၄၂၉ အစရှိသော ခြေမြန် တပ်ရင်း (၃) ရင်း၊အပြင် ဆေးတပ်၊ ထောက်ပို့တပ်၊ မဟာဗျူဟာတပ်နှင့် နယ်ခြားစောင့်တပ်အချို့ရှိ​သော စစ်တပ်အမာခံမြို့ဖြစ်သည်။

Public Service Announcement

Public Service Announcement

သြဂုတ်လ ၂ ရက်ကစ၍ လွိုင်ကော်မှတဆင့် ဒီးမော့ဆိုမြို့နယ်သို့ စစ်ကောင်စီယာဥ်တန်းများဝင်ရောက်ရန်ကြိုးပမ်းခဲ့သည်။ထိုယာဥ်တန်းမထွက်လာခင် သြဂုတ် ၂ ရက်ကစ၍ဒီးမော့ဆို-ဖရူဆို ပြည် ထောင်စုလမ်းမကြီး အား ထိန်းချုပ်နိုင်ရေး ဒီးမော့ဆိုမြို့နယ် နှင့် ဖရူဆိုမြို့နယ်အကြားရှိ ပြည် ထောင်စုလမ်းမကြီးဘေး ဝဲ၊ ယာ ရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်က စစ်​ကြောင်းထိုးခဲ့သည်။

တပ်မ(၅၅)လက်အောက်ခံ တပ်ရင်းများဖြင့်စစ်ကြောင်း၃ ​ကြောင်းခွဲ၍ ဒီးမော့ဆိုမြို့နယ် နှင့် ဖရူဆိုမြို့ နယ်အစပ် ငွေတောင်ရွာသစ်ကျေးရွာမှ ကဒါးလားကျေးရွာ၊ ထီးသော်ကူးကျေးရွာ နှင့် ဒေါညေးခူကျေး ရွာအထိ စစ်ကောင်စီက တပ်စွဲခဲ့သည်။

စစ်​ကောင်စီတပ်များကို ကရင်နီပူး​ပေါင်းတပ်များက အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့ပြီး ဒီးမော့ဆို နှင့် ဖရူဆို စစ်မျက်နှာ၌ တိုက်ပွဲအကြိမ်ရေ ၄၀ ကျော်ဖြစ်ပွားခဲ့သည်။

သြဂုတ် ၁၀ ရက်မှ သြဂုတ် ၁၂ ရက်အတွင်း ​ငွေတာင်ရွာသစ်နှင့် ထီး​သော်ကူးရွာတို့အနီးဖြစ်ပွား​သောတိုက်ပွဲများမှ အလွန်ပြင်းထန်ပြီးစစ်​ကောင်စီတပ်မှ အရာရှိအပါအဝင် ၄၅ ဦး​ခနိ့သေဆုံးပြီး ၂၆ ဦးဝန်းကျင် ဒဏ်ရာရခဲ့သည်။လက်နက် ၁၆ လက်နှင့်ခဲယမ်းများစွာသိမ်းယူရရှိ​ကြောင်း KNDF ကထုတ်ပြန်ခဲ့သည်။

သြဂုတ်တစ်လအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှစုစု​ပေါင်း ဒုတိယဗိုလ်မှူးအဆင့်ရှိသူအပါအဝင်တပ်သား ၁၀၀ ကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများစွာ ကို ကရင်နီပူးပေါင်းတပ်က သိမ်းဆည်းနိုင်ခဲ့သည်။ တိုက်ပွဲများတွင် က​လောမြို့ အ​ခြေစိုက်​သော တပ်မ ၅၅ လက်​အောက်ခံ တပ်ဖွဲ့ဝင်များမှာ ​သေဆုံးထိခိုက်မှုများပြားသဖြင့် စစ်​ကြောင်းပျက်လုပင်ဖြစ်ခဲ့သည်။စစ်တပ်ကအထိနာ​သောတိုက်ပွဲများတွင်​လေ​ကြောင်းမှ စစ်ကူ​ပေးခဲ့သလို ၊ အထိနာပါက စစ်​ဘေး​ရှောင်ပြည်သူများအပါအဝင်အရပ်သားပစ်မှတ်များကိုပါဗုံးကျဲတိုက်ခိုက်၍ အကြမ်းဖက်​လေ့ရှိသည်။

စစ်တပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ
စစ်တပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ

သို့သော် စစ်ကောင်စီတပ်က ၎င်း၏ယာဥ်တန်းများ ဘောလခဲ သို့ရောက်ရှိရေး ဆက်လက်ခရီးဆက်ခဲ့သည်။ စက် တင်ဘာ ၇ ရက်တွင် စစ်ကောင်စီတပ် စစ်ကြောင်းများ ဖရူဆို-ဘောလခဲ လမ်းပိုင်း၌ စစ်ရေးလှုပ် ရှားမှု စတင်လာခဲ့သည်။

“အဲဒီနောက်ပိုင်းကစပြီး တိုက်ပွဲတွေက ဆက်တိုက် ဖြစ်နေတယ်။အထူးသဖြင့် ထားလဲ နဲ့ နန်းဖဲ ကျေးရွာတစ်ဝိုက်ပေါ့။စစ်ကောင်စီဘက်ကတော့ သူရဲ့နဂိုမူလပါလာတဲ့စစ်ကြောင်းထိုးအဖွဲ့နဲ့ ဘောလခဲ အခြေစိုက်တပ်တွေပေါင်းပြီး နှစ်ဖက်ညှပ်ပြီး စစ်ထိုးနေတယ်”ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာ ဝန်ရှိသူက ​ပြောသည်။

ထို​ကြောင့် ဖရူဆို – ဘောလခဲ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် စစ်ကောင်စီ တပ်များမှ စစ်ကြောင်းထိုး လှုပ်ရှားလာသောကြောင့်စက်တင်ဘာ (၈) ရက်နေ့မှစ၍ ဖြတ်သန်းသွားခြင်း မပြုလုပ်ကြရန် ပြည်သူလူထုအား KNDF ကအသိပေးမေတ္တာရပ်ခံခဲ့သည်။

ဖရူဆို- ဘောခဲ လမ်းမကြီးဘေးတစ်လျှောက်ရှိ မာခရော့ရှည် ၊ လောကျေခူ ၊ ထားလဲ ၊ နန်းဖဲ ကျေးရွာများတစ်လျှောက် လမ်းသွယ်များကိုပါ အသုံးပြု၍ သွားလာကြခြင်းမပြုလုပ်ကြရန် နှင့် စစ်ကောင်စီတပ်ဖွဲ့များမှ လမ်းမကြီးတစ်ကျော သို့ စစ်ကြောင်းထိုးလှုပ်ရှားလာနေသည့် အခြေနေများကြောင့် စက်တင်ဘာ ၈ရက်နေ့မှစ၍ မြေပြင်စစ်ရေးအခြေနေအရ ရက်အကန့်သက်မရှိ ပိတ်ထားမည်ဖြစ်၍ ဖြတ်သန်း သွားလာကြခြင်း မပြုလုပ်ကြရန် အသိပေးသည်။

သို့​သော်တိုက်ပွဲအခြေအ​နေများကိုမူ ကရင်နီတပ်​ပေါင်းစုက စစ်ရေးသတင်းလုံခြုံ​ရေးအရ ထပ်မံမထုတ်ပြန်​သေး၍မသိရသေးပါ။

စက်တင်ဘာ ဒုတိယပါတ်က ထိုလမ်းတစ်​နေရာတွင် စစ်​ကောင်စီတပ်ကို ကရင်နီတပ်​ပေါင်းစု က တိုက်ခိုက်ရာ စစ်တပ်​သေဆုံးထိခိုက်မှုများပြီးအထိ့နာ​သော်လည်း သတင်းမထုတ်ပြန်​သေး​​ပေ။

လက်ရှိ စစ်ကောင်စီဘက်က စစ်​ကြောင်းထိုးနေသည့် ပုံစံမှာလည်း ဖရူဆို-ဘောလခဲ လမ်းမကြီးကို ထိန်းချုပ်နိုင် ရေးနှင့် ၎င်းတို့ယာဥ်တန်းများအလွယ်တကူ သွားလာနိုင်ရန်ပင်ဖြစ်ကြောင်း KNDF တာဝန်ရှိသူက သုံးသပ် သည်။

၎င်းတို့အခြေစိုက်ရာ လွိုင်ကော်မှလွဲ၍ ကရင်နီဒေသတွင်းမြို့များဆီသို့ ကုန်လမ်းမှတဆင့် ရိက္ခာပို့နိုင်ရန် စစ်ကောင်စီသည် ၂၀၂၂ ဒီဇင်ဘာလမှစ၍ ရုန်း ကန်ခဲ့ရသည်။

လွိုင်​ကော်မှ ​ဘော်လခဲမြို့ အနီးဝန်းကျင်ပြ ​မြေပုံ။
လွိုင်​ကော်မှ ​ဘော်လခဲမြို့ အနီးဝန်းကျင်ပြ ​မြေပုံ။

“မယ်စဲ့ကိုအခုထိ အသိမ်းခံလိုက်ရတာသူတို့ (စစ်​ကောင်စီ)အတွက်အမဲစက်ကြီးဖြစ်နေတာ။ဒါကြောင့် လမ်းမကြီးတွေ ကို ထိန်းချုပ်မယ်။ပြီးရင် ဘောလခဲကနေ မယ်စဲ့ ကို ပြန်ဝိုင်းမယ်။မယ်စဲ့ကိုက ရွာသစ်ဘက်ကနေပဲ ဝင်မလား ဒါမှမဟုတ် လိုအပ်ရင် ဖားဆောင်းကို ချက်ချင်းဆင်မလား။အကုန်ရတာ”ဟု စစ်ကောင်စီတပ်က​ဘောလခဲကိုအာရုံစိုက် ​ စစ်ကြောင်ထိုးနေမှုအပေါ် ကရင်နီစစ်ရေးသတင်းရင်းမြစ်က ၎င်း၏ အမြင်ကိုပြောပြသည်။

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC ၏ အချက် အလက်များအရ စစ်ကောင်စီသည် ကရင်နီစစ်မျက်နှာတွင် တပ်မ ၅၅ ၊၆၆ နှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)လက်အောက်ခံတပ်ရင်းပေါင်း ၃၈ ရင်းအထိ ပို့ဆောင်ထားသည်။

ထိုအနက်ဒီးမော့ဆို-ဖရူဆို-ဘောလခဲလမ်းမကြီး ထိန်းချုပ်နိုင်ရေးအတွက် တပ်ရင်း ၁၁ ရင်းအထိ စစ်ကောင် စီတပ်က အသုံးပြုထားသည်။

ထိုသို့အင်အားတိုး၍ စစ်​ကြောင်းထို​နေ​သော်လည်း ကရင်နီတက်မ​တော် (KA) ၊ ကရင်နီပြည် လူမျိုး​ပေါင်းစုံပြည်သူ့လွတ်​မြောက်​ရေးတပ်ဦ္ (ကလလတ) ၊ ကရင်နီအမျိုးသားများကာကွယ်​ရေးတပ်(KNDF) ၊ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ(PDF)စ​သောကရင်နီ တပ်​ပေါင်းစုက ​​ပြောက်ကျားစစ်ဖြင့် ခုခံ တိုက်ခိုက်​သော​ကြောင့် ခရီးမတွင်ဘဲ ဖြစ်​နေ​တော့သည်။

“သူတို့(စစ်ကောင်စီ)ရဲ့ ရည်မှန်းချက်က ဘယ်အထိ ဆိုတာ သူတို့ပဲ အတိအကျသိနိုင်သလို။ကျွန်တော်တို့ကလည်း ကိုယ့်အလုပ်ကိုယ်လုပ်ပြီး သက်သေပြနေကြပါတယ်”ဟု KNDF တာဝန်ရှိသူက ဆိုပါသည်။ ။

(ကရင်နီပူး​ပေါင်းတပ်ဖွဲ့ဝင်များ ၊စစ်တပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် လွိုင်​ကော်မှ ​ဘော်လခဲမြို့ အနီးဝန်းကျင်ပြ ​မြေပုံ။ဓါတ်ပုံ-KNDF၊ဒီး​မော့ဆိုPDF)