close
Connect with us

Hi, what are you looking for?

သတင်း

လူကုန်ကူးခံရသူ ၂,၀၀၀ကျော်ပြန်ပို့ထားပြီး စီမံကိန်းများတွင် ရင်းနှီးမြှပ်နှံထားခြင်း မဟုတ်ဘဲ မြေငှားရမ်းသည့်မြေရှင်သာဖြစ်ဟု ကရင်နယ်ခြားစောင့်တပ် ဆို

ယနေ့ တရုတ်နိုင်ငံသား ၆၁ဦး နေရပ်ပြန်ပို့ပေးမည်

အင်းကြင်းမြိုင်ဒေသရှိ KK Parkတွင် မီးစက်များထွန်း၍ မီးထွန်းအသုံးပြုနေသည်ကို ​ဖေ​ဖော်ဝါရီ ၅ရက် ညဦးပိုင်း၌ မြင်တွေ့ရစဉ်။(ဓာတ်ပုံ - People's Spring)

-People’s Spring

ကရင်ပြည်နယ်၊ နယ်စပ်ဒေသများရှိ စီမံကိန်း၌ လူကုန်ကူးခံရသူ ၂,၀၀၀ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့ ပြန်ပို့ထားပြီး ဆောင်ရွက်ခဲ့သော စီမံကိန်းများအား ပါဝင်ရင်းနှီးမြှပ်နှံထားခြင်း မဟုတ်ဘဲ မြေငှားရမ်းသည့်မြေရှင်သာဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ်(BGF)က ယနေ့ (ဖေဖော်ဝါရီ ၆ရက်)တွင် အသိပေး ထုတ်ပြန်သည်။

ကရင်ပြည်နယ် နယ်စပ်ဒေသများတွင် နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်)မှ ဆောင်ရွက်ခဲ့သော နိုင်ငံတကာရင်းနှီးမြှပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ၂၀၁၈တွင် စတင်ဆောင်ရွက်ခဲ့သော အိမ်ရာ၊ဟိုတယ်နှင့် အပန်းဖြေရိပ်သာ စီမံကိန်းများဖြစ်ပြီး နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်)အနေဖြင့် ပါဝင်ရင်းနှီးမြှပ်နှံသည့် အကျိုးတူလုပ်ငန်းအဖြစ် မဟုတ်ဘဲ မြေငှားရမ်းသည့်မြေရှင်သာဖြစ်ကြောင်း BGF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ စီမံကိန်းများတွင် ရင်းနှီးမြှပ်နှံသူများထံမှ ထပ်ဆင့်ငှားရမ်းသည့် လုပ်ငန်းရှင်အချို့သည် လိမ်လည်လှည့်ဖျားခြင်း၊ လူကုန်ကူးခြင်း စသည့်အလုပ်များကို လုပ်ကိုင်ကြသည့်အတွက် နယ်ခြားစောင့်တပ်အနေဖြင့် အစိုးရ၊နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းတိုက်ဖျက်နှိမ်နင်းလျက်ရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လူကုန်ကူးခြင်း၊ မသမာမှုပြုခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ကလေးလုပ်သားအသုံးပြုခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ မူးယစ်ဆေးဝါးရောင်းချသုံးစွဲခြင်းတို့ကို နယ်ခြားစောင့်တပ်အနေဖြင့် လုံးဝ လက်မခံဘဲ ဖော်ထုတ်ဖမ်းဆီးအရေးယူလျက်ရှိပြီး မသမာလုပ်ငန်းများအား ပိတ်ပင်ကာ သက်ဆိုင်ရာသို့ အပ်နှံအရေးယူလျက်ရှိသည်ဟု ဖော်ပြထားသည်။

၂၀၂၃မှ လက်ရှိအချိန်အထိ လူကုန်ကူးခံရသူ စုစုပေါင်း ၂,၀၀၀ကျော်ကိုလည်း သက်ဆိုင်ရာနိုင်ငံအလိုက်ဆက်သွယ်ကာ နေရပ်ပြန်ပို့ပေးခဲ့သည်ဟု ဆိုသည်။

” နောက်ထက်ပြန်ပို့မယ့် အရေအတွက်အားဖြင့် ပြောဖို့ခက်တယ်ပေါ့။ ပြန်ပို့ပြီဆိုရင်တော့ ကျနော်တို့က အသုတ်လိုက်၊ အသုတ်လိုက် ပြန်ပို့မယ်”ဟု ကရင်နယ်ခြားစောင့်တပ်(BGF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ယနေ့တွင်လည်း လူကုန်ကူးခံရသူ တရုတ်နိုင်ငံသား ၆၁ဦးအား မဲဆောက် – မြဝတီ ချစ်ကြည်ရေးအမှတ်(၂)တံတားမှ နေရပ်ပြန်ပို့ပေးမည်ဟု ၎င်းက ဆက်ပြောသည်။

ထိုင်း – မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများရှိသည်ဟု သံသယဖြင့် မြန်မာပြည်ဘက်ခြမ်းရှိ နေရာ ၅ ခုသို့ လျှပ်စစ်မီး ပေးပို့မှုများကို ထိုင်းအစိုးရက ဖေဖော်ဝါရီ ၅ရက် နံနက်က စတင်ဖြတ်တောက်ခဲ့သည်။

ထိုင်းနိုင်ငံဒေသဆိုင်ရာ လျှပ်စစ်အာဏာပိုင်ဌာန (PEA)က နယ်စပ်ဖြတ်ကျော်ပြီး မြန်မာနိုင်ငံဖက်ခြမ်းရှိ ဧရိယာ ၅ ခုသို့ လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးထားပြီး မြဝတီမြို့၌ နှစ်နေရာ၊ မွန်ပြည်နယ်၌ တစ်နေရာနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၌ နေရာနှစ်ခုတို့ ဖြစ်သည်။

ထိုင်းနိုင်ငံက မြဝတီမြို့သို့ ပေးပို့နေသည့် လျှပ်စစ်မီးဖြတ်တောက်လိုက်သဖြင့် မြို့ရှိ ပြည်သူ့ဆေးရုံနှင့် အောက်ဆီဂျင်စက်ရုံလည်ပတ်မှုရပ်ဆိုင်းပြီး လုပ်ငန်းလည်ပတ်မှု စတင်ထိခိုက်နေသည်ဟု အဆိုပါမြို့ဒေသခံများက လူထုနွေဦးသို့ ပြောထားသည်။

ထိုင်းအစိုးရက မြဝတီမြို့နယ်သို့ ပေးပို့နေသည့် လျှပ်စစ်မီးဖြတ်တောက်လိုက်သော်လည်း အင်းကြင်းမြိုင်ဒေသရှိ KK Parkတွင် မီးစက်များထွန်း၍ မီးထွန်းအသုံးပြုနေသည်ကို ဖေ​ဖော်ဝါရီ ၅ရက် ညဦးပိုင်း၌ မြင်တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၃၈ နိုင်ငံမှ လူဦးရေ ၄၀၀၀ ကျော် မြန်မာနိုင်ငံ၌ ပျောက်ဆုံးနေ၍ရှာဖွေပေးရန်စစ်ကောင်စီထံအကြောင်းကြားထား​ကြောင်းစုံစမ်းသိရသည်။

ဆောင်းပါး

ကရင်ပြည်နယ်ခြားစောင့်တပ်(BGF)ထိန်းချုပ်‌ဒေသ မြဝတီမြို့နှင့် ရွှေကုက္ကိုယ်ဒေသမှ ကျားဖြန့်လုပ်ငန်းများနှင့်ဆက်စပ်သောတရုတ်သူဌေးးများသည် DKBA ထိန်းချုပ်ထားသည့် ဘုရားသုံးဆူမြို့ဘက်သို့ အလုံးအရင်းပြောင်းရွှေ့နေသည်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အင်ကြင်းမြိုင်ဒေသရှိ တရုတ်လုပ်ငန်းစုဖြစ်သော ​ဒေါင်မေဥယျာဉ်လုပ်ငန်းစု( Dongmai Park)အား တရုတ်မင်းသားလူကုန်ကူးမှုသံသယဖြင့် အပြီးတိုင် ချိပ်ပိတ်လိုက်ကြောင်း ကရင်နယ်ခြားစောင့်တပ်(BGF)​ပြော​ရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးနိုင်​မောင်​ဇော်က ပြောသည်။

သတင်း

မီးတောက်မီးလျှံတွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ် အစွမ်းပြရင်း ဖျော်ဖြေလေ့ရှိတဲ့ ထိုင်ဝမ်နိုင်ငံသား မီးတောက် ကချေသည် အမျိုးသား တစ်ဦးဟာ မြန်မာနိုင်ငံကို လူကုန်ကူး ခံခဲ့ရတဲ့နောက် အခုအခါ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။