close
Connect with us

Hi, what are you looking for?

သတင်း

ညောင်ဖြူပင်ရဲစခန်းပို့မည့် စစ်ကောင်စီ၏ ရိက္ခာထုပ် များ တော်လှန်ရေးတပ်များ သိမ်းရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ညောင်ဖြူပင်ရဲစခန်း ပို့မည့် စစ်ကောင်စီ၏ရိက္ခာထုပ်များ သိမ်းဆည်းရရှိကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်​ရေးတပ် CHU PDFမှတာဝန်ရှိသူ ကိုသန့်က လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်ထံက သိမ်းရသော ရိက္ခာထုပ် များမှ ပစ္စည်းများ။(ဓာတ်ပုံ - ချောင်းဦး PDF)

ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်း ပို့မည့် စစ်ကောင်စီ၏ရိက္ခာထုပ်များ သိမ်းဆည်းရရှိကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်​ရေးတပ် CHU PDFမှတာဝန်ရှိသူ ကိုသန့်က လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဇန်နဝါရီ ၂၅ရက်)နံနက်က သိမ်းဆည်းရရှိသည့် စစ်ကောင်စီ​၏ ရိက္ခာထုပ်များတွင် ဆန် အိတ် ၁၃ပိုင်း၊ဆီတစ်ပုံံး ၊ကြက်သွန်၊ ဖြူနီသွန် ၅ပိဿာခန့်၊ငါးခြောက် ၅ပိဿာခန့်၊ကော်ဖီမစ်ထုတ်ကြီး ၇ထုပ်၊အရက်၊ဘီယာ၊ ဆေးလိပ်၊ ဆေးဝါးမျိုးစုံ၊အလှကုန်နှင့် အသင့်စားအစာများပါရှိသည်ဟုဆိုသည်။

“ဒီမနက် ၈ နာရီလောက်မှာ သွားရောက်ရှာဖွေသိမ်း ဆည်းနိုင်ခဲ့တာဖြစ်တယ်။ပထမတစ်ကြိမ်ရိက္ခာပို့တဲ့အခါတုန်းကလည်း ဖြတ်တောက်နိုင်ခဲ့တယ်။အထုကတော့ ညောင်ဖြူပင်ကစကစ စခန်းဆီ ရိက္ခာလုံးလုံးမရောက်တော့ဘူး”ဟု ကိုသန့်က ပြောသည်။

Public Service Announcement

Public Service Announcement

ရိက္ခာပိုမည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၂ရက်က စစ်ကောင်စီ​၏ ပျူစောထီးအားကောင်းရာ တောပုကျေးရွာမှ အင်အား၂၅ ဦးခန့် နှင့် ညောင်ဖြူပင်ကျေးရွာဘက်မှ ၂၅ဦးခန့်ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဥ်တွင် စစ်အုပ်စုမှ နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရခဲ့သည်ဟု ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်​ရေးတပ် CHU PDF က ကနဦး အသိ​ပေးထားသည်။

ရိက္ခာပို့မည့် မုံရွာမြို့၏ တောင်ဘက်ခြမ်းတွင်ရှိသည့် ညောင်ဖြူပင်ရဲစခန်း၌ ရဲနှင့် စစ်ကောင်စီတပ်သား ၅၀ဦးခန့်ဖြင့် တပ်စွဲထားကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ခန့်မှန်းသည်။

ဇန်နဝါရီ ၁၈ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်း၌ စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ နှစ်ပွင့်ဗိုလ်အပါအဝင် ငါးဦးထက်မနည်းသေဆုံးကြောင်း ချောင်းဦး PDF က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်း ရိက္ခာပို့သည့် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ရာ သေဆုံးထိခိုက်မှုရှိကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်​ရေးတပ် CHU PDFမှ တာဝန်ရှိသူက ပြောသည်။