သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေ ဒီကနေ့ (စက်တင်ဘာ ၁၀)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကျေးရွာတစ်ရွာမှာ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းနဲ့အတူ ပူးပေါင်းကာ စစ်တပ်ထုတ်ကုန်မှန်သမျှ မသုံးစွဲရေးနဲ့ ဘူးသပိတ်လူထုတိုက်ပွဲ အရှိန်မြှင့်တင်ရေး လူထုအသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement
ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာလည်း အားမာန်သစ်သပိတ်အင်အားစုနဲ့ Saligyi Border Task Force_SBTF ပကဖတပ်ဖွဲ့ တို့ ပူးပေါင်းကာ လူထု ဖျော်ဖြေရေးနဲ့ လူထုနိုင်ငံရေး တရားဟောပြောခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။
ဒါ့အပြင် ဆားလင်းကြီးမြို့နယ်မှာလည်း လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ၁ဝ၂၇ ဒုတိယလှိုင်းကို ထောက်ခံကြိုဆိုကြောင်းနဲ့ ၁ဝ၂၇ လှိုင်းကပြည်သူလူထုရဲ့ အနာဂတ်၊ မျှော်လင့်ချက်ဖြစ်ကြောင်း “1027 second wave is our future” စာသားကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။



ဓာတ်ပုံ – အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ လက်ပံတောင်းသပိတ်၊ ကလေးမြို့နယ်သပိတ်
