မိထက်/People’s Spring
လားရှိုးမြို့နယ် ၊နမ့်ပေါင်ကျေးရွာအနီးရှိနမ္မ ကျောက်မီးသွေးတွင်းကို စစ်ကောင်စီက ယနေ့(စက်တင်ဘာလ ၁၀ရက်)မွန်းလွဲ ၁ နာရီခန့်တွင် လေကြောင်းမှဗုံးကြဲခဲ့သည်။
ဗုံးကြဲလေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ပြီးအဆောက်အဦအချို့ပျက်စီးကာ လူထိခိုက်ခဲ့မှုမရှိခဲ့ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) နှင့် နီးစပ်သူတစ်ဦးကပြောသည်။MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက ၃ရက်ဆက်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။
စက်တင်ဘာလ ၉ ရက်နံနက်က လားရှိုးမြို့ ၊ ရပ်ကွက်(၁)ကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၁၂ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း MNDAAက သတင်းထုတ်ပြန်ထားသည်။

Public Service Announcement
စက်တင်ဘာလ ၈ ရက်နံနက်ကလည်း လားရှိုးမြို့ရပ်ကွက်(၁၂)ရှိအားကစားရုံနှင့် ရေပူစမ်းအနီးရှိ Silver Sky ဟိုတယ်အနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံများပိုင်ဆိုင် သောကားများပျက်စီးခဲ့သည်။

စစ်ကောင်စီတပ်က လားရှိုးမြို့အပါအဝင် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် နေရာများကို လေကြောင်းတိုက်ခိုက်နေခြင်းသည် ရိုင်းစိုင်းသောလူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ကြောင်းMNDAA က သတင်းထုတ်ပြန်ထားသည်။
